ခြေဗလာနဲ့ လမ်းလျှောက်ခြင်းကနေ ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူး

ခြေဗလာနဲ့ လမ်းလျှောက်ခြင်းကနေ ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူး

 ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. Kaung Thar.

ပထဝီဓာတ်ယူပါ။ မြေကြီးဓာတ်ယူပါလို့ ပြောတာကိုကြားဖူးကြမှာဖြစ်ပါတယ်။ ဒီလိုမျိုး မြေကြီးဓာတ်ပြည့်ဝစေဖို့အတွက် လုပ်ဆောင်နိုင်မယ့် အရိုးစင်းဆုံးနည်းလမ်းကတော့ ခြေဗလာနဲ့လမ်းလျှောက်တာပဲဖြစ်ပါတယ်။ ခြေထောက်ကို မြေကြီးနဲ့တိုက်ရိုက်ထိတွေ့ပြီး လျှောက်ပေးတာက ခန္ဓာကိုယ်ကို ကမ္ဘာမြေဆီကနေ negative electrons တွေကို စုပ်ယူနိုင်စေသလို ခန္ဓာကိုယ်ရဲ့နေ့စဉ်လှုပ်ရှားမှုတွေကို စည်းချက်ညီစေပြီး ကိုယ်တွင်းက bioelectrical ဝန်းကျင်ကိုလည်း ဟန်ချက်ညီအောင် လုပ်ဆောင်ပေးပါတယ်။

တိုးတက်လာတဲ့ လူနေမှုဘဝပုံစံကြောင့် ကျွန်မတို့ဟာ မိခင်ကမ္ဘာမြေကြီးနဲ့ ထိတွေ့ခွင့်ကို တော်တေ်ာလေးကို ဆုံးရှုံးနေပြီဖြစ်ပါတယ်။ ဒါပေမယ့် အချိန်ပေးပြီး ကမ္ဘာမြေကြီးနဲ့တိုက်ရိုက်ထိတွေ့မှုကို ခံစားကြည့်လိုက်ပါ။ သင်ထင်မှတ်မထားတဲ့ အကျိုးကျေးဇူးတွေရရှိစေမှာ အသေအချာပါပဲ။

ခြေချင်းဝတ်နဲ့ခြေဖဝါးတွေကို သန်မာစေခြင်း

ခြေဗလာနဲ့ လမ်းလျှောက်တာက ခြေထောက်ကို သဘာဝအတိုင်းလှုပ်ရှားနိုင်ခွင့်ရရှိစေတာကြောင့် ခြေချင်းဝတ်နဲ့ခြေဖဝါးတွေကို သန်မာစေပါတယ်။ ရှုးဖိနပ်တွေက ကြွက်သားတွေကို ချည့်နဲ့စေပြီး ခြေဖဝါးတွေကို အားနည်းစေပါတယ်။ ခြေချင်းဝတ်တွေနဲ့ ခြေဖဝါးတွေက ကြွက်သားတွေကို မြေကြီးနဲ့ မှန်မှန်ထိတွေ့စေမယ်ဆိုရင် ခြေထောက်နဲ့ ဦးနှောက်ကြားက ချိတ်ဆက်မှုကို ပိုမိုကောင်းမွန်စေပါတယ်။ ခန္ဓာကိုယ်ကို ပိုမိုဟန်ချက်ညီလာစေပြီး ပိုမိုသန်မာလာစေသလို ထိခိုက်ဒဏ်ရာရမှုတွေကနေလည်းပိုမိုခံနိုင်ရည်ရှိစေပါတယ်။

နာကျင်မှု နဲ့ ရောင်ရမ်းမှုကိုလျော့ပါးစေနိုင်ခြင်း

လေ့လာမှုတစ်ရပ်အတွင်း ၈ ပတ်ဆက်တိုက်မြေကြီးမှာ ခြေဗလာနဲ့ လမ်းလျှောက်စေခြင်းက နာကျင်မှုဗတွကို လျော့ပါးသက်သာစေပြီး စိတ်ဖိစီးမှုကိုလျော့ကျစေနိုင်သလို  အိပ်ပျော်စေပါတယ်။ စမ်းသပ်မှုကာလပြီးဆုံးတဲ့နောက် လေ့လာမှုမှာပါဝင်သူတွေမှာ ကော်တီဇော ပမာဏကျဆင်းနေတာကို သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။ ခြေဗလာနဲ့ ပုံမှန်လမ်းလျှောက်သူတွေက ခြေဗလာနဲ့ လမ်းမလျှောက်တဲ့သူတွေထက် ပိုမိုအိပ်ပျော်တာကိုတွေ့ရှိခဲ့ရပါတယ်။

ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေနိုင်ခြင်း

ခြေဗလာနဲ့ လမ်းလျှောက်တာက သွေးဖြူဥဆဲလ်အရေအတွက်ကိုကျဆင်းစေပြီး သွေးနီဥဆဲလ်အရေအတွက်ကို တိုးစေနိုင်တာကြောင့် ကိုယ်ခ့အားစနစ်ကိုကောင်းမွန်စေနိုင်ပါတယ်။

နှလုံးရောဂါဖြစ်နိုင်ခြေကိုလျော့ကျစေနိုင်ခြင်း

ခြေဗလာနဲ့ လမ်းလျှောက်တာကသွေးနီဥဆဲလ်အရေအတွက်ကို တိုးစေနိုင်ပြီး သွေးနီဥဆဲလ်တွေရဲ့ surface charge ကိုတိုးစေနိုင်တာကြောင့် သွေးပျစ်နိုင်ခြေကိုလျော့ကစေပါတယ်။ သွေးပျစ်တဲ့ပမာဏမြင့်တက်လာမှုက နှလုံးရောဂါဖြစ်နိုင်ခြေနဲပ တိုက်ရိုက်ဆက်စပ်နေပါတယ်။ မြေကြီးပေါ်မှာ ခြေဗလာနဲ့ လမ်းလျှောက်တာက နှလုံးရောဂါ ဖြစ်နိုင်ခြေကိုသိသိသာသာလျော့ကျစေနိုင်ပါတယ်။

အာရုံကြောစနစ်ကို ထိန်းညှိပေးပြီး စိတ်ဖိစီးမှု နဲ့ ပူပန်မှုတွေကို လျော့ကျစေနိုင်ခြင်း

မြေကြီးပေါ်မှာ ခြေဗလာနဲ့လမ်းလျှောက်တာက စိတ်ခံစားမှုကို ထိန်းညှိပေးပြီး အာရုံကြောစနစ်တွေကို ထိန်းညှိရာမှာလည်း အထောက်အကူပြုပါတယ်။ ခန္ဓာကိုယ်ကို မြေကြီးနဲ့တိုက်ရိုက်ထိတွေ့စေခြင်းက စိတ်ပူပန်မှုကိုလျော့ကျစေပြီး စိတ်ဖိစီးမှုကိုပါလျော့ကျစေပါတယ်။ ကမ္ဘာမြေကြီးမှာ negative charge ရှိနေပြီး ခန္ဓာကိုယ်မှာ positive charge ရှိနေတာကြောင့် နေ့စဉ် ကမ္ဘာမြေကြီးနဲ့ထိတွေ့မှုက လျှပ်စစ်သံလိုက်လှိုင်းတွေကို ထိတွေ့စေသလိုဖြစ်စေတာကြောင့် မြေကြီးနဲ့အချိန်များများပေးပြီး ထိတွေ့ပေးတာက စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်ပါ အထောက်အကူရရှိစေပါတယ်။

ရာသီလာစဉ် နာကျင်ကိုက်ခဲမှုကိုလျော့ပါးသက်သာစေနိုင်ခြင်း

မြေကြီးနဲ့တိုက်ရိုက်ထိတွေ့မှုက နာကျင်မှုဝေဒနာတော်တော်များများကိုသက်သာစေပါတယ်။ ခြေဗလာနဲ့လမ်းလျှောက်တာက ရာသီလာစဉ် နာကျင်ကိုက်ခဲတာကိုလည်းလျေ့ပါးသက်သာစေပါတယ်။ စိတ်ဖိစီးမှု နဲ့ စိတ်တွင်းခံစားချက်တစ်ရပ်ရပ်ကြောင့် နာကျင်မငကိုခံစားရတာဖြစ်ပြီး စိတ်ခံစားမှုကလည်း ရာသီလာစဉ်နာကျင်ကိုက်ခဲမှုအပေါ်မှာတော်တော့်ကိုသက်ရောက်မှုရှိနေပါတယ်။ နာကျငမှုခံစားလာရပြီဆိုရင် တံခါးဖွင့်ပြီး အိမ်အပြင်ဘက်ထွက်လိုကိပါ။ ဖိနပ်ချွတ်ပြီး မြေကြီးပေါ်လျှောက်လိုက်ပါ အကိုက်အခဲပျောက်ဆေးသောက်စရာမလိုဘဲ နာကျင်မှုကိုလျော့ပါးသက်သာစေမှာ သေချာပါပဲ။ မြေကြီးက ဘေးထွက်ဆိုးကျိုးမရှိဘဲနဲ့ နာကျင်မှုကိုလျော့ပါးသက်သာစေနိုင်စွမ်းရှိပါတယ်။

ကြွက်သားတွေကို ပြေလျော့စေပြီး ခေါင်းကိုက်တာကို သက်သာစေခြင်း

ရှေ့ပြေးလေ့လာမှုတစ်ရပ်အရ မြေကြီးပေးမှာ ဖိနပ်မစီးဘဲလျှောက်တာက လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ ခံစားရတတ်တဲ့ ကြွက်သားနာကျင်မှုတွေကို သက်သာစေနိုင်သလို တစ်နေကုန် အလုပ်စားပွဲမှာထိုင်ပြီး အလုပ်လုပ်ရတာကြောင့် ခံစားရတတ်တဲ့ ကြွက်သားတောင့်တင်းနာကျင်မှုတွေကိုလည်း လျော့ပါးသက်သာစေနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ခြင်းက ဓာတ်ရောင်ခြည်တွေနဲ့ အချိန်ကြာမြင့်စွာထိတွေ့မှုကြောင့်ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကို မြေကြီးနဲ့တိုက်ရိုက်ထိတွေ့စေလိုက်မယ်ဆိုရင် ကိုယ်တွင်းက free radical တွေကို ကျဆင်းသွားစေပြီး ခေါင်းကိုက်တာကိုလည်းလျော့ပါးသက်သာစေပါတယ်။

စွမ်းအင်တိုးစေနိုင်ခြင်း

ခန္ဓာကိုယ်ကို မြေကြီးနဲ့တိုက်ရိုက်ထိတွေ့စေခြင်းက သဘာဝတရားကထုတ်လွှတ်တဲ့ ကြိမ်နှုန်းတွေကို ခန္ဓာကိုယ်ကပိုမိုရရှိပြီး စွမ်းအင်တွေတိုးလာစေနိုင်ပါတယ်။ ခေတ်သစ်လူနေမှုပုံစံက သင့်ရဲ့ရှင်သန်ဖြစ်တည်မှုအပေါ်မှာ ထိခိုက်စေမှုတွေ မလွဲမသွေကြုံတွေ့ရစေနိုင်တာ ကြောင့် မြေကြီးကို သဘာဝအတိုင်းထိတွေ့မှုကို အချိန်ပေးပြီးလုပ်ဆောင်ပေးပါ။

Free Radical တွေကိုလျော့ကျစေနိုင်ခြင်း

မြေကြီးနဲ့ထိတွေ့လိုက်တဲ့အခါ ကမ္ဘာမြေကနေ free electron တွေကို ခန္ဓာကိုယ်က လက်ခံရရှိသွားတာကြောင့် ကိုယ်တွင်းက free radical တွေကိုလျော့ကျသွားစေပါတယ်။ Free radical တွေက ကခန္ဓာကိုယ်ပေါ်က ကျန်းမာတဲ့ဆဲလ်တွေကိုပျက်စီးစေနိုင်သလို အိုမင်း ရင့်ရော်မှုကိုဖြစ်စေနိုင်ပါတယ်။ နေ့စဉ် မြေကြီးနဲ့ထိတွေ့ပေးတာနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝတဲ့ အစားအသောက်တွေကို စားသုံးပေးတာက ခန္ဓာကိုယ်မှာ Free radical ကင်းစင်စေအောင်လုပ်ဆောင်နိုင်မယ့် အကောင်းဆုံးသောနည်းလမ်းပဲဖြစ်ပါတယ်။

သန့်ရှင်းတဲ့ မြေကြီးပေါ်မှာခြေဗလာနဲ့လမ်းလျှောက်ရင်း ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဓာတ်တွေကို ငွေကုန်ကြေးကျမများဘဲ ရရှိနိုင်ကြစေဖို့ တစ်နေ့ကို အချိန်အနည်းလောက်ပေးပြီး လမ်းလျှောက်ပေးဖို့တိုက်တွန်းလိုပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello Sayarwon မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly