ဘင်္ဂါလီရုပ်သံ သတင်းအမှားအတွက် Channel News Asia တောင်းပန်

ဘင်္ဂါလီရုပ်သံ သတင်းအမှားအတွက် Channel News Asia တောင်းပန်
Photo-AFP

ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသွားသည်ဟုယူဆရသည့်  ဘင်္ဂါလီများကို အင်တာဗျူး၍ ဖော်ပြခဲ့သော ရုပ်သံသတင်းအမှားတစ်ခုအတွက် စင်ကာပူအခြေစိုက် Channel News Asia သတင်းဌာနက ယနေ့ ပြန်လည်တောင်းပန်လိုက်သည်။

အဆိုပါအင်တာဗျူးကို Channel News Asia က စက်တင်ဘာလ ၁၉ ရက်က မေးမြန်းခဲ့ခြင်းဖြစ်ပြီး အဆိုပါနေ့တွင် ပြောကြားခဲ့သော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်   ဒေါ်အောင်ဆန်းစုကြည်၏   နိုင်ငံတော်အခြေပြ မိန့်ခွန်းအပေါ် ဘင်္ဂါလီများ၏သဘောထားကို မေးမြန်းခဲ့ခြင်းဖြစ်သည်။

ထိုသို့ Channel News Asia ကမေးမြန်းရာတွင် ဘင်္ဂါလားဒေ့ရှ်ဒေသခံတစ်ဦးက ဘင်္ဂါလီများ၏ ဖြေဆိုမှုများကို ဘာသာပြန်ပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါဘာသာပြန်ဆိုချက်များကို Channel News Asia က အင်္ဂလိပ်စာတန်းထိုးဖော်ပြခဲ့ပြီးနောက်ပိုင်းတွင် ပြန်လည်စိစစ်ရာ၌ ဒေသခံ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား၏ ဘာသာပြန်ဆိုချက်များသည် မတိကျဘဲ လွဲမှားနေသည် ကို တွေ့ရှိရကြောင်း Channel News Asia က ယနေ့ ပြန်လည် ဖော်ပြခဲ့သည်။

ယင်းကဲ့သို့မှားယွင်းဖော်ပြခဲ့ခြင်းကို တောင်းပန်ကြောင်းနှင့် အဆိုပါ ရုပ်သံသတင်းကို ပြန်လည်ဖြုတ်ချ လိုက်ကြောင်းလည်း Channel News Asia က စာနယ်ဇင်းကျင့်ဝတ်နှင့်အညီ ဖော်ပြထားသည်။

Ref-Channel News Asia

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required