မျိုးအောင်နိုင်သော်လည်း ကလေးမရနိုင်သည့် အကြောင်းအရင်းများ

မျိုးအောင်နိုင်သော်လည်း ကလေးမရနိုင်သည့် အကြောင်းအရင်းများ

ရေးသားသူ Phyo Wai Yan
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

ကလေးမရဘူးဆိုတာ မျိုးမအောင်ခြင်းတစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ ကိုယ်ဝန်ရနိုင်ခြေဟာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားမှုဆိုင်ရာတို့ဖြင့် ဆက်နွယ်လျက်ရှိပါတယ်။ ထိုအချက်အလက်များအား သတိပြုဖို့လိုပါတယ်။

သို့မှာသာ ကလေးမရခြင်းကို ဖြေရှင်းနိုင်ရန်အတွက် တိကျကောင်းမွန်တဲ့ ချဉ်းကပ်မှုတွေကို ပြုလုပ်နိုင်မှာပါ။

အမျိုးသားနှင့်ဆိုင်သော ပြဿနာများ

သုတ်ပိုးတို့ရဲ့ အရည်အသွေးဟာ ကလေးရနိုင်ခြေအပေါ် အလွန်ကြီးမားစွာ လွှမ်းမိုးနေပါတယ်။ အရည်အသွေး ညံ့ဖျင်းတဲ့ သုတ်ပိုးတွေဟာ မမျိုးဥထံသို့ ရောက်ရှိရန် ခက်ခဲသွားတာကြောင့် မျိုးအောင်နိုင်ခြေသည် လျော့ကျသွားပါတယ်။

ဒါ့အပြင် သုတ်ပို့ပြွန် ပုံသဏ္ဍန်မမှန်ခြင်းက သုတ်ရည်စီးဆင်းမှုကို နှောင့်နှေးစေပါတယ်။ ၃၀-၄၀% သော ဇနီးမောင်နှံတွေဟာ ယင်းအခြေအနေ၏ သက်ရောက်မှုကို ခံစားနေရပါတယ်။
သားအိမ်နံရံသည် အခြားနေရာတွင် ဖြစ်တည်နေခြင်း

သုတ်ပိုးနှင့် မမျိုးဥ မတွေ့ဆုံအောင် နှောင့်ယှက်သော၊ သားအိမ်ဆဲလ်များ ဖြစ်ခြင်းအားဖြင့် မျိုးအောင်သော သန္ဓေသားသည် သားအိမ်ပြွန်အားဆင်းရာတွင် နှောင့်ယှက်သော မျိုးပွားမှုစနစ်ပြဿနာတစ်မျိုး ဖြစ်ပါတယ်။

ထိုရောဂါက ရာသီလာချိန်နဲ့ လိင်ဆက်ဆံချိန်မှာ နာကျင်ခြင်းကို ဖြစ်စေပါတယ်။ ခွဲစိတ်ခြင်းဖြင့် ကုသပျောက်ကင်းနိုင်ပါတယ်။

မျိုးဥကျွေရာတွင် ချို့ယွင်းခြင်း

ရာသီစက်ဝန်းတွင် ပြဿနာရှိတဲ့ အခါမှာ ဖြစ်တတ်ပါတယ်။ ရာသီစက်ဝန်းဟာ တိုလာနိုင်တယ်၊ ကြာလာနိုင်တယ်။ တည်တည်ငြိမ်ငြိမ်လည်း မရှိတော့ပါဘူး။ ပိုဆိုးတာကတော့ မျိုးဥကို မကြွေတော့တာပါ။ ၂၀-၄၀%လောက် ရှိသော မိန်းမတွေဟာ ယင်းအခြေအနေကို ခံစားရနိုင်ပါတယ်။

အကြောင်းအရာအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ ထိုအကြောင်းအရာတို့မှာ ဟော်မုန်းများ မူမမှန်ခြင်း၊ လေ့ကျင့်ခန်း အလွန်အကျွန်လုပ်ခြင်း၊ ကိုယ်အလေးချိန် အလွန်အကျွန် ကျခြင်း သို့မဟုတ် တက်ခြင်းနှင့် စိတ်ဖိစီးမှု အလွန်များခြင်းတို့ကဲ့သို့ပဲ ဖြစ်ပါတယ်။

ဥကျွေခြင်း ပြဿနာတွေကိုတော့ Clomid လိုမျိုးသောက်ဆေးများဖြင့် ကုသနိုင်ပါတယ်။ IVF (ခန္ဓာကိုယ်ပြင်ပ မျိုးအောင်စေကာ ကိုယ်အတွင်းသို့ ပြန်လည် ပို့ပေးခြင်းဖြင့် မျိုးအောင်စေခြင်း) အား အသက်ကြီး လင်မယားများအတွက် ဆရာဝန်များက အကြံပြုထားပါတယ်။

ဘာကြောင့်လဲဆိုတော့ မိန်းမတွေဟာ သာမန်ထက် သွေးဆုံးချိန်မြန်မြန်ရောက်လို့ပါ။

Polycystic Ovarian Syndrome (POCS) (မွေးရာပါ မမျိုးဥရောဂါတစ်မျိုး)

မမျိုးဥရောဂါတစ်မျိုးဖြစ်ပြီး ဟော်မုန်းမညီမျှခြင်းသို့ ဦးတည်သွားစေပါတယ်။ ရောဂါလက္ခဏာတွေဟာ ရှုပ်ထွေးပြီး လူတစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။ ရောဂါလက္ခဏာတွေကတော့ မျိုးဥမကျွေတော့ခြင်း၊ ရာသီစက်ဝန်းမမှန်ခြင်း၊ ကိုယ်အလေးချိန် အလွန်တက်လာခြင်း၊ ဝက်ခြံထွက်ခြင်း၊ ပေါက်နေကျမဟုတ်သော အမွှေးများ မျက်နှာတွင် ပေါက်လာခြင်းနှင့် မျိုးမအောင်တော့ခြင်းတို့ပဲ ဖြစ်ပါတယ်။

ဘယ်လိုကုသရမယ်ဆိုတာဟာ ရောဂါလက္ခဏာတွေပေါ်မှာ မူတည်နေပါတယ်။

ကျန်းမာစွာ မနေထိုင်ခြင်း

ကိုယ်အလေးချိန်အရမ်းများတာ၊ အရမ်းနည်းတာက ကလေးရခြင်း၊မရခြင်းအပေါ်မှာ သက်ရောက်မှုရှိပါတယ်။ အဆီများတဲ့ အစာတွေစားခြင်း၊ အာဟာရချို့တဲ့ခြင်းတွေက ဟော်မုန်းတွေရဲ့ လုပ်ငန်းဆောင်တာတွေကို နှောင့်ယှက်နိုင်ပါတယ်။

ဒါ့အပြင် ကျန်မာရေးအတွက် မကောင်းတဲ့ အစားအသောက်တွေ စားသုံးခြင်းလည်း ပါဝင်ပါတယ်။ ဆေးလိပ်သောက်ခြင်းနဲ့ အရက်သေစာသောက်သုံးခြင်းက သုတ်ပိုးအရေအတွက်ပေါ်မှာ ဆိုးကျိုးတွေ သက်ရောက်နိုင်တာကြောင့် ရှောင်ရှားဖို့ အကြံပြုထားပါတယ်။

ကိုယ်ဝန်ဆောင်ဖို့ မကြိုးစားခင်မှာ ကျွမ်းကျင်သူဆရာဝန်ဖြင့် ပြသတာဟာ အကြံကောင်းတစ်ခုဖြစ်ပါတယ်။ စောစောတွေ့ရှိမည်ဆိုပါက ပြဿနာများပြေလည်သွားနိုင်ပြီး ကလေးရနိုင်ခြေလည်း   မြင့်မားသွားပါလိမ့်မယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly