ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌသစ်အဖြစ် ခန့်စည်သူ ရွေးချယ်ခံရ ဟု သတင်းများထွက်ပေါ်

ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌသစ်အဖြစ် ခန့်စည်သူ ရွေးချယ်ခံရ ဟု သတင်းများထွက်ပေါ်
ဓာတ်ပုံ-ခန့်စည်သူဖေ့ဘုတ်
 

စက်တင်ဘာ ၂၅ ။           ။ ၂၀၁၈ ခုနှစ် ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌသစ်အဖြစ် အဓိကသရုပ်ဆောင်အလွှာမှ ခန့်စည်သူ ရွေးချယ်ခံရကြောင်း သတင်းများထွက်ပေါ်နေသည်။

ဗဟန်းမြို့နယ် ဝင်္ကဘာလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးတွင် စက်တင်ဘာ၂၃ ရက်နေ့၊ နံနက်ပိုင်းတွင် အလွှာ ၁၀ လွှာတွင် ပါဝင်ကြသူများအတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ အမှုဆောင်ရွေးကောက်ပွဲ တွင် လာရောက်မဲပေးခဲ့ကြရာမှ ထိုသို့ ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။

ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌသစ်အဖြစ် လက်ရှိတွင် ခန့်စည်သူက မဲအများဆုံးဖြစ်နေပြီး ဇင်ဝိုင်းက ဒုတိယ၊ ထွန်းအိန္ဒြာဗို တို့က မဲပေးခံရမှု အများဆုံး ဖြစ်ပြီး သရုပ်ဆောင်အလွှာမှ မဲအများဆုံးရရှိခဲ့ကြောင်း တွေ့ရသည်။  

ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌဟောင်း ဇင်ဝိုင်းက ခန့်စည်သူနှင့်အတူ အမှုဆောင်အဖြစ် ပူးတွဲရွေးချယ်ခံရရန် ရှိနေသည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသည် ၁၉၈၉ မှဒီကနေ့၂၀၁၇ ထိဆို၂၈ နှစ်အတွင်း ဥက္ကဋ္ဌ ၇ ဦး  ရှိခဲ့ပြီး သရုပ်ဆောင်မင်းသားများဖြစ်သော  ညွှန့်ဝင်းက ၁၉၉၂ မှ ၁၉၉၄ အထိ ၊ ဇင်ဝိုင်းက ၂၀၁၂မှ ၂၀၁၃ အထိ ၊ ၂၀၁၃ မှ ၂၀၁၇ အထိ လူမင်း တို့က ဥက္ကဋ္ဌအဖြစ် အသီးသီး တာဝန်ထမ်းဆောင်ခဲ့ကြသည်။

ဦးဝင်းမြိုင်၊ ဦးအောင်ခိုင်တို့က ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်အခြေခံအလွှာ ၊ မင်္ဂလာဦးဇော်မင်း ၊ ဦးလှသိန်းတို့က အုပ်ချုပ်ဖြန်ချီပြသအခြေခံအလွှာ၊ ဦးဇော်မင်း(ဟံသာမြေ)၊ ရှုမဝဦးတင်ငြိမ်း တို့က တည်းဖြတ်မှတ်တမ်း အခြေခံအလွှာတို့မှ ရွေးကောက်ခံခဲ့ရပြီး ဦးညီညီထွန်းလွင်၊ ဦးဇော်မြင့်ဦးတို့က ဒါရိုက်တာအလွှာ၊ ဦးဝင်းနိုင်၊ ဦးနေထူးနိုင်တို့က ဗီဒီယို အခြေခံအလွှာ၊ ဂီတအလွှာမှ  ဦးခင်မောင်ချင်း၊ကိုသက်၊ ရုပ်ရှင်ထုတ်လုပ်သူအလွှာမှ မကေခိုင်စိုး၊ဦးသိန်းရွှေ၊ အခြေခံအလွှာအတွက် ဦးကျော်ညွန့်၊ဦးသားကျော်၊ ဇာတ်လမ်း/ဇာတ်ညွှန်းအ
ခြေခံအလွှာမှ ဦးအေးကြူလေး၊ ဦးတင်ထွန်းအောင်တို့ ရွေးကောက်ခံထားပြီး ဖြစ်သည်။

၂၀၁၈ ခုနှစ်အတွက် အမှုဆောင်သစ်ဖွဲ့စည်းတော့မည် ဖြစ်ပြီး အဆိုပါအမှုဆောင်သစ်တို့၏ အစည်းအဝေးကို လာမည့် ၂၇ ရက်နေ့တွင် ကျင်းပမည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly