မောင်တောရှိ နေရပ်စွန့်ခွာ တိုင်းရင်းသားများအတွက် အမေရိကန်ဒေါ်လာ တစ်သောင်း လှူဒါန်း

မောင်တောရှိ နေရပ်စွန့်ခွာ တိုင်းရင်းသားများအတွက် အမေရိကန်ဒေါ်လာ တစ်သောင်း လှူဒါန်း

ရန်ကုန်၊ စက်တင်ဘာလ ၂၄ ။               ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်သမားများ တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာ တိုင်းရင်းသားများအတွက် မြန်မာ - အမေရိကန်ဆေးပညာရှင်များအသင်းမှ အမေရိကန်ဒေါ်လာတစ်သောင်း လှူဒါန်းခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

နေရပ်စွန့်ခွာ တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမားရေးနှင့် အခြားအခြေခံလိုအပ်ချက်များ အသုံးပြုနိုင်ရန်အတွက် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ မြန်မာ- အမေရိကန်ဆေးပညာရှင်များအသင်းမှ စက်တင်ဘာလ ၂၂ ရက်နေ့တွင် အမေရိကန်ဒေါ်လာ တစ်သောင်းအား လှူဒါန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ အလှူငွေကို အသင်းကိုယ်စား အသင်းဥက္ကဋ္ဌ ဒေါက်တာမြတ်မြတ်မွန်နှင့် ဘဏ္ဍာရေးမှူး ဒေါက်တာ မောင်မောင်တင်တို့မ လှူဒါန်းခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ကိုယ်စား နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်က လက်ခံရရှိယူခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ် အနောက်ဘက်ပိုင်း မောင်တောဒေသအတွင်း သြဂုတ် ၂၅ ရက်နေ့မှ ၃ဝ ရက်နေ့အထိ ဖြစ်ပွား ခဲ့သော အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်ကြောင့် ဘူးသီးတောင်မြို့နယ်အတွင်းရှိ   ကျေးရွာပေါင်း ၃၄ ရွာမှ ဒေ သခံ တိုင်းရင်းသား ပြည်သူ ၂,၃၂၆ ဦးနှင့် မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၄၃ ရွာမှ ဒေသခံတိုင်း ရင်းသား ပြည်သူ ၉,၄ဝ၂ ဦး စုစုပေါင်း ၁၁,၇၂၈ ဦးတို့ တိမ်းရှောင်နေရကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required