မန်စီးတီးကစားသမားများထံမှ ယခုထက်ပိုကောင်းသည့်ပုံစံကို ဂွါဒီယိုလာ အလိုရှိနေ

မန်စီးတီးကစားသမားများထံမှ ယခုထက်ပိုကောင်းသည့်ပုံစံကို ဂွါဒီယိုလာ အလိုရှိနေ

 

စက်တင်ဘာ ၂၄၊ အင်္ဂလန် ။                ။ ခရစ္စတယ်ပဲလေ့စ်အသင်းကို ၅-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သော်လည်း မန်စီးတီးနည်းပြဂွါဒီယိုလာက ၎င်း၏အသင်းမှာ ယခုထက် ပိုမိုတိုးတက်ရန် လိုသေးကြောင်း ပြောဆိုလိုက်သည်။ ကစားသမားများသည်သာမက ဘောလုံးကောက်သည့် လူငယ်များအထိ တစ်သင်းလုံးတိုးတက်ရန် လိုသေးကြောင်း စပိန်လူမျိုးနည်းပြက ဆိုသည်။

မန်စီးတီးအသင်းသည် ယခုပွဲတွင် ပဲလေ့စ်အသင်းကို တစ်ဖက်သတ်ဖိကစားနိုင်ခဲ့သော်လည်း အဖွင့်ဂိုးကို ပွဲချိန် ၄၄ မိနစ်ရောက်မှ ရရှိခဲ့ခြင်း ဖြစ်သည်။ မန်စီးတီးအသင်းအတွက် အနိုင်ဂိုးများကို စတာလင်းက ၂ ဂိုး၊ ဆာနေး၊ အဂူရိုနှင့် ဖေဘီယန်ဒဲလ်တို့က တစ်ဂိုးစီသွင်းယူပေးခဲ့ကြသည်။

“ပထမဆုံးပွဲချိန်မိနစ် ၃၀ ကိုကြည့်လိုက်ပါ။ ကျွန်တော်တို့ အဆင်သင့်မဖြစ်ခဲ့ပါဘူး။ အသင်းက နှေးကွေးနေပါတယ်။ အသင်းလိုက်ဟန်ချက်ညီမှု၊ တန်ပြန်တိုက်စစ်၊ ကစားရှိန်တင်နိုင်မှုအားလုံးမှာ   နှေးနေပါတယ်။ ပြစ်ဒဏ်ဘောရတဲ့အချိန်ဆိုရင်လည်း ဘောလုံးကို ဘယ်သူမှ မယူကြပါဘူး။ ငါးစက္ကန့်၊ ဆယ်စက္ကန့်လောက်ကြမှ ဘောလုံးယူပြီး ကစားကြပါတယ်။ အရာရာက အရမ်းနှေးနေပါတယ်။

နောက်ဆုံးဘောလုံးကောက်တဲ့ကလေးတွေအထိ လူတိုင်းက နှေးနေပါတယ်။ ဒုတိယပိုင်းကြမှ ကောင်းမွန်ခဲ့ပါတယ်။” ဟု ဂွါဒီယိုလာက ဆိုသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly