လန်ဒန်၌ အက်စစ်ဖြင့်တိုက်ခိုက်မှုကြောင့် လူ ၅ဦးဒဏ်ရာရရှိ

By AFP
24 September 2017
လန်ဒန်၌ အက်စစ်ဖြင့်တိုက်ခိုက်မှုကြောင့် လူ ၅ဦးဒဏ်ရာရရှိ

 

လန်ဒန်၊ ဗြိတိန်၊ စက်တင်ဘာ ၂၄ ။                 ။ လန်ဒန်မြို့အရှေ့ပိုင်းတွင် စနေနေ့က အက်စစ်နှင့်ပက်သည့် တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့သောကြောင့် အနည်း ဆုံး လူ ၅ ဦးဒဏ်ရာရရှိခဲ့ပြီး တိုက်ခိုက်သူအမျိုးသားကို ဖမ်းဆီးခဲ့ကြောင်းနှင့် ယင်းဖြစ်ရပ်သည် အကြမ်းဖက် သမားများနှင့် ပက်သက်မှုရှိသည်ဟု မယူဆနိုင်ကြောင်း လန်ဒန်ရဲတပ်ဖွဲ့က ကြေညာခဲ့သည်။

စနေနေ့ည ၈နာရီခန့်တွင် လန်ဒန်အိုလံပစ်အားကစားကွင်းအနီးရှိ စတရက်ဖို့ဒ်စင်တာ၌ အမျိုးသားတစ်စုသည် အက်စစ်ဟုယူဆရသော အဆိပ်အတောက်ရှိသည့် အရည်များနှင့် ဖြန်းပက်တိုက်ခိုက်နေသည်ဟု သတင်းရရှိ သောကြောင့် သွားရောက်ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။

လန်ဒန်အရေးပေါ်လူနာတင်ယာဉ်အဖွဲ့က ယင်းဖြစ်စဉ်ကြောင့် ၎င်းတို့သည် အနည်းဆုံးလူနာ ၅ဦးခန့်ကို ဆေးကုသပေးခဲ့ရကြောင်း တွစ်တာ၌ ရေးသားခဲ့သည်။

ဒဏ်ရာရရှိသူများကို နေရာအသီးသီး၌ ဆေးကုသပေးနေပြီး သံသယရှိရသူ အမျိုးသားတစ်ဦးကို ဖမ်းဆီးထိန်း သိမ်းထားကြောင့် ရဲတပ်ဖွဲ့က ပြောခဲ့သည်။

ယင်းဖြစ်ရပ်မတိုင်မီတွင် လူတစ်စုသည် အပြင်းအထန် ငြင်းခုန်နေကြသည်ကို မြင်တွေ့ခဲ့ရကြောင်း မျက်မြင် သက်သေများက သတင်းသမားများကို ပြောကြားခဲ့သည်။

အသက် ၂၈နှစ်အရွယ်ရှိ ဟမ်ဘာဂါဆိုင်မှ အလုပ်သမားတစ်ဦးဖြစ်သူ ဟော့ဆန်၏အဆိုအရ အိမ်ခြေရာခြေမဲ့ တစ်ဦးသည် သူ၏မျက်နှာမှ အက်စစ်များကို ဆေးကြောရန်အတွက် ဆိုင်အတွင်းထဲသို့ အပြေးဝင်ရောက်လာခဲ့ ကြောင်း သိရသည်။

လန်ဒန်မြို့တွင် ပြီးခဲ့သောနှစ်က အက်စစ်ဖြင့်တိုက်ခိုက်သော အမှုပေါင်း ၄၃၁ခုခန့် ဖြစ်ပွားခဲ့ပြီး ထိုထဲမှ ၃၉၈မှု မှာ စတရက်ဖို့ဒ်အရပ်ဒေသ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly