ခရီးသည်အမျိုးသမီးထံက 88/1 စာတမ်းပါဆေးပြား ၄,၂ဝဝဝ ပြားအား မန္တလေးတွင် ဖမ်းမိ

ခရီးသည်အမျိုးသမီးထံက 88/1 စာတမ်းပါဆေးပြား ၄,၂ဝဝဝ ပြားအား မန္တလေးတွင် ဖမ်းမိ

ရန်ကုန်၊ စက်တင်ဘာလ ၂၃ ။           ။ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံကျေးရွာအုပ်စု၊ (၁၆)မိုင် ကျောက်ချောစစ်ဆေးရေး စခန်း တွင် မူဆယ်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသော ခရီးသည်ယာဉ်ပေါ်ရှိ အမျိုးသမီးတစ်ဦးထံက 88/1 စာတမ်းပါဆေးပြား ၄,၂ဝဝဝ ပြားအား ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ ၂၂ ရက်၊ နံနက် ၁ နာရီအချိန်တွင် မူးယစ်ရဲတပ်ဖွဲ့နှင့် အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့က မူးယစ်ဆေးဝါးသတင်းအရ (၁၆)မိုင် ကျောက်ချောစစ်ဆေးရေးစခန်းမှ ဖြတ်သန်း သွားလာနေသော ကားများအား စစ်ဆေးရာမှ အဆိုပါ ဆေးပြားများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ထိုသို့ ပူးပေါင်းအဖွဲ့မှ ကားများအား စစ်ဆေးနေစဉ် ရန်ကုန်လိုင်စင်ဖြင့် ခရီးသည်ယာဉ်တစ်စီးပေါ်တွင် လေ ဘယ်တပ်ဆင်ထားသော အစိမ်းရောင်ပီနံအိတ်အား ဖွင့်ဖောက်စစ်ဆေးခဲ့ရာ ယင်းအိတ်အတွင်းထဲမှ အပြာ ရောင် ပလပ်စတစ်ကပ်ခွာအိတ်များဖြင့် ထည့်ထားသော 88/1 စာတမ်းပါပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ၄,၂ဝဝဝ ပြား၊ အလေးချိန် ၄.၂ ကီလို (ဒေသပေါက်ဈေး ဆေးပြားတစ်ပြားလျှင် ၅ဝဝဝ ကျပ်နှုန်းဖြင့် ကျပ်သိန်း ၂၁ဝဝ တို့အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆေးပြားများထည့်ထားသော ပီနံအိတ်ပိုင်ရှင်မှာ အသက် ၅၂ နှစ်အရွယ် မယွီမေဆိုသူဖြစ်ပြီး ရှမ်းပြည် နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ နမ့်တွန်းကျေးရွာတွင် နေထိုင်သူဖြစ်ကာ ၎င်း၏လွယ်အိတ်အတွင်းမှလည်း လက်ကိုင်ဖုန်းတစ်လုံးအား သိမ်းဆည်းခဲ့ကြောင်းသိရသည်။

ထိုသို့ ဆေးပြားများနှင့်အတူဖမ်းဆီးရမိခဲ့သော အသက် ၅၂ နှစ်အရွယ် မယွီမေဆိုသူကို လက်ရှိတွင် အုန်းချော နယ်မြေ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကို   ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly