လှိုင်သာယာရှိ စည်ပင်ခွေးဂေဟာကို အောက်တိုဘာတွင် ဖွင့်လှစ်မည်

လှိုင်သာယာရှိ စည်ပင်ခွေးဂေဟာကို အောက်တိုဘာတွင် ဖွင့်လှစ်မည်

ရန်ကုန်၊စက်တင်ဘာ၂၃ ။           ။ ရန်ကုန်မြို့တော်စည်ပင်မှ ဆောက်လုပ်ဆဲဖြစ်သည့် လှိုင်သာယာမြို့နယ် ရှိ ခွေးဂေဟာကို ယခုနှစ်အောက်တိုဘာလ၌ ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း စည်ပင် တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာန မှ လက်ထောက်ဌာနမှူးဒေါက်တာလှမေဦးက အတည်ပြုပြောဆိုသည်။

၎င်းခွေးဂေဟာကို လှိုင်သာယာမြို့နယ် ရွှေရင်အေးဘုရားလမ်းတွင် သြဂုတ်လပိုင်းမှစတင်တည်ဆောက်နေပြီး ခွေးဂေဟာတွင် အမိုးအကာများ၊ ခွေးများအတွက် စားဖိုဆောင်လည်း ပါဝင်မည်ဖြစ်သည်။

"မီးဖိုပေါ့နော် ချက်ပြုတ်ဖို့အဆောင်ပေါ့ မီးဖိုချောင်ကတော့ပြင်ဆင်နေဆဲပေါ့ ပြီးတော့မီးလိုင်းတို့ရေလိုင်းတို့က ဖြန့်ဝေနေပြီပေါ့နော်"ဟု ဒေါက်တာလှမေဦးက ပြောသည်။

အဆိုပါလှိုင်သာယာခွေးဂေဟာတွင် ခွေးကောင်ရေ ၁ ထောင်ဝန်းကျင် ထိမ်းသိမ်းထားရှိမည်ဖြစ်သပြီး အသေးစိတ်ကို နောက်ပိုင်းတွင် ဆက်လက်ထုတ်ပြန်သွားမည် ဖြစ်သည်ဟု သိရသည်။

ရန်ကုန်မြို့တွင် ခွေးကောင်ရေစုစုပေါင်း တစ်သိန်း ရှစ်သောင်းကျော် ရှိနေပြီး ယခင်က ခွေးများကို သုတ်သင်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့သော်လည်း ယခု ထိန်းသိမ်းထားတော့မည် ဖြစ်သည်။

စည်ပင်တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနမှ ယခုနှစ်အတွင်း ခွေးမျိုးပွားမှုထိန်းသိန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ မြို့တွင်း (၄)မြို့နယ်တွင် ခွေးရူးရောဂါကင်းစင်နယ်မြေဖြစ်လာခဲ့သည်။
လက်ရှိအချိန်တွင် အဆိုပါခွေးဂေဟာအတွက် တိရိစ္ဆာန်ဆေးကုနှင့်သားသတ်ရုံများဌာနက ဆက်လက်တာဝန်ယူဆောင်ရွက်ပေးနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly