ချန်ပီယံလမ်းကြောင်းပေါ်မှ ရီးယဲလ်ထွက်ခွာသွားပြီဟု ပြောရန် စောလွန်းနေသေးဟု ဇီဒန်းဆို

ချန်ပီယံလမ်းကြောင်းပေါ်မှ ရီးယဲလ်ထွက်ခွာသွားပြီဟု ပြောရန် စောလွန်းနေသေးဟု ဇီဒန်းဆို

စက်တင်ဘာ ၂၃၊ မက်ဒရစ်။            ။ ရာသီအစ ပွဲစဉ် ၅ပွဲကစားအပြီးတွင် အမှတ်ပေးဇယားထိပ်မှ ဘာစီလိုနာနှင့် ခုနှစ်မှတ်အထိကွာဟသွားပြီဖြစ်သော်လည်း ချန်ပီယံလမ်းကြောင်းမှ ရီးယဲလ်မက်ဒရစ် ထွက်ခွာသွားပြီဟူသော ဝေဖန်မှုများကို လက်မခံနိုင်ဟု နည်းပြ ဇီဒန်းကပြောသည်။

ရီးယဲလ်မက်ဒရစ်အသင်းမှာ လာလီဂါရာသီအစအဖွင့်၅ပွဲကစားပြီးချိန်တွင် ၂ပွဲနိုင်၊ ၂ပွဲသရေ၊ ၁ပွဲရှုံးရလဒ်ရရှိထားပြီး ရမှတ် ၈မှတ်သာရရှိထားပြီး အဓိက ပြိုင်ဘက် ဘာစီလိုနာမှာ ၅ပွဲစလုံးရာနှုန်းပြည့်အနိုင်ရထားသည်။ ခုနှစ်မှတ်ကွာနေပေမယ့် ရာသီသိမ်းပြီလို့ မပြောနိုင်သေးပါဘူး။ အသင်းတိုင်းမှာ ဆိုးရွားတဲ့အခိုက်အတန့်ဆိုတာ ရှိတတ်ပါတယ်။ ဒါကဘောလုံးပါ။ ဘာမဆိုဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ကစားဖို့နောက်ထပ် ၃၃ပွဲကျန်ပါသေးတယ်။ ဒီအချိန်က ဆိုးရွားနေတာသိပေမယ့် အသင်းကစားပုံအတွက်တော့ ပျော်ပါတယ်။ ဟု ဇီဒန်းကဆိုသည်။

ရီးယဲလ်မက်ဒရစ်အသင်းမှာ နောက်ဆုံးကစားခဲ့သော လာလီဂါပွဲစဉ်တွင် ဘက်တစ်အသင်းကို နောက်ကျအနိုင်ဂိုးပေးခဲ့ရပြီး ရှုံးခဲ့ရသလို ပွဲပယ်ပြစ်ဒဏ်မှလွတ်မြောက်လာသော ရော်နယ်ဒိုလည်း ဂိုးပေါက်ပျောက်ဆုံးခဲ့သည်။ လက်ရှိအချိန်တွင် ရီးယဲလ်မက်ဒရစ်အသင်း၌ အဓိကကစားသမားများဖြစ်သော တိုနီခရူးနှင့် မာဆယ်လိုတို့လည်း ဒဏ်ရာပြဿနာရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required