ပြီးခဲ့တဲ့ဘောလုံးရာသီမှာ မန်ယူအသင်း အသားတင်အမြတ် ပေါင်သန်း ၈၀ ကျော် ရရှိ

ပြီးခဲ့တဲ့ဘောလုံးရာသီမှာ မန်ယူအသင်း အသားတင်အမြတ် ပေါင်သန်း ၈၀ ကျော် ရရှိ
(ဓာတ်ပုံ - အီးပီအေ)

အင်္ဂလန်ပရီးမီးယားလိဂ်ထိပ်သီးကလပ် မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၆-၂၀၁၇ ဘောလုံးရာသီမှာ ကလပ်စံချိန်တင်ဝင်ငွေ ပေါင် ၅၈၁ ဒသမ ၂ သန်းအထိရရှိခဲ့ပြီး အသားတင်အမြတ်ငွေ ပေါင် ၈၀ ဒသမ ၈သန်း ရရှိခဲ့ကြောင်း သိရပါတယ်။

မန်ယူအသင်းက ၂၀၁၆ ခုနှစ် ဇူလိုင်မှ ယခုနှစ် ဇွန်အထိ တစ်နှစ်တာဘဏ္ဍာရေးရှင်းတမ်းကို စက်တင်ဘာ ၂၁ ရက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အခုလို ဝင်ငွေမြင့်တက်လာရခြင်းမှာ ယူရိုပါလိဂ်နှင့် လိဂ်ဖလားပြိုင်ပွဲမှာ အနိုင်ရဗိုလ်စွဲခဲ့တာအပါအဝင် စပွန်ဆာစာချုပ် ၁၂ ခုနှင့် ကွင်းဝင်ကြေးများကြောင့်လည်း ၂၀၁၅-၂၀၁၆ ဘောလုံးရာသီက ဗြိတိန်စံချိန်တင်ငွေ ပေါင် ၅၁၅ ဒသမ ၃သန်းရရှိခဲ့တဲ့ စံချိန်ဟောင်းကို ထပ်မံချိုးဖျက်နိုင်ခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ရုပ်သံထုတ်လွှင့်ခွင့်စာချုပ်သစ်အရ ယခုနှစ်မတိုင်မီ ဝင်ငွေပေါင် ၁၄၀.၄ သန်းရရှိရာမှ ပေါင် ၁၉၄ ဒသမ ၁ သန်းအထိ ခုက်တက်ကာ  ၃၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။

ဒါ့အပြင် ယခင်နှစ် ကြွေးမြီ ပေါင် ၂၆၀ ဒသမ ၉ သန်းရှိရာမှ ပေါင် ၂၁၃ ဒသမ ၁ သန်းသို့ ၄၇ ဒသမ ၈ သန်းအထိ လျော့ချနိုင်ခဲ့ကြောင်း သိရပါတယ်။

Ref; Daily Mail, BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required