ထိုင်းဘုရင်ကြီး ရုပ်ကလပ်တော်အား လောင်တိုက်ပို့မည့် ခေါင်းတလားတော်ယာဉ်အား ထုတ်ဖော်ပြသ

By AFP
22 September 2017
ထိုင်းဘုရင်ကြီး ရုပ်ကလပ်တော်အား လောင်တိုက်ပို့မည့် ခေါင်းတလားတော်ယာဉ်အား ထုတ်ဖော်ပြသ

ဘန်ကောက်၊ စက်တင်ဘာ ၂၂ ။           ။ နတ်ရွာစံဘုရင်ကြီး ဘူမိဘော၏ ဈာပနာတွင် အသုံးပြုမည်ဖြစ်သော ခေါင်းတလားတော်ယာဉ်အား ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ထုတ်ဖော်ပြသသည်။

အဆိုပါ တော်ဝင်ခေါင်းတလားတော်ယာဉ်သည် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ကျော်ကတည်းက တည်ဆောက်ထားသည့် ယာဉ်တော်ဖြစ်သည်။ ယခုဘုရင်ကြီး ဘူမဘော၏ ရုပ်ကလပ်တော်အား မီးသဂြိုဟ်ရာ လောင်တိုက်တော်သို့ ပို့ဆောင်ရာတွင် ယင်းခေါင်းတလားတော်ယာဉ်ပေါ် တင်ဆောင်ကာ ပို့ဆောင်မည် ဖြစ်သည်။

ထိုင်းနိုင်ငံတွင် တော်ဝင်ဈာပနသုံး ခေါင်းတလားတော်ယာဉ်အား အယုဒ္ဓခေတ်က စတင်အသုံးပြုလာခဲ့ခြင်း ဖြစ်သည်။ ၁၇၆၇ ခုနှစ် အယုဒ္ဓ ကျဆုံးချိန်တွင် အဆိုပါ ခေါင်းတလားတော်ယာဉ်များ အလုံးစုံ ဖျက်ဆီးခံရသည်။

၁၇၈၂ ခုနှစ်တွင် တည်ထောင်သော ပထမရာမဘုရင်မင်းမြတ်လက်ထက် ရတ်တန်နာကိုဆင်းမင်းနေပြည်တော်ခေတ်တွင်မှ ပြန်လည် တည်ဆောက် အသုံးပြုလာခြင်း ဖြစ်သည်။

ဘုရင်ကြီး ဘူမိဘောအား ၎င်း ကံတော်ကုန်အပြီး တစ်နှစ်ကျော် ၂၀၁၇ အောက်တိုဘာ ၂၆ ရက်တွင် ဈာပနာမီးသဂြိုဟ်မည်ဖြစ်သည်။

ဘုရင်ကြီး ဘူမိဘောသည် ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၁၃ ရက်က နတ်ရွာစံ ကံတော်ကုန်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့သက်တမ်းအရှည်ကြာဆုံး ထီးနန်းစိုးစံခဲ့ကာ ထိုင်းနိုင်ငံ၏
ထီးနန်းအား နှစ်ပေါင်း ၇၀ ကြာ စံမြန်းခဲ့ခြင်း ဖြစ်သည်။

သက်တော် ၈၈ နှစ်အရွယ်တွင် ကံတော်ကုန်သော ဘုရင်မင်းမြတ်ဘူမိဘောသည် ထိုင်းနိုင်ငံ ပြည်သူပြည်သားများ၏ ချစ်မြတ်နိုးရိုသေမှုကို ရရှိသူဖြစ်သည်။ နိုင်ငံရေးမတည်ငြိမ်မှုများ၊ အာဏာသိမ်းမှုများအလယ်တွင် တည်ငြိမ်ငြိမ်းချမ်းရေးပြယုဂ်အဖြစ် ရှိနေခဲ့သော ဘုရင်ကြီးတစ်ပါး ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags