တရားမဝင် ထုတ်ယူထားသော ကျွန်းခွဲသား ၉၃၈ ချောင်းအား စစ်ကိုင်းတွင် ပိုင်ရှင်မဲ့ဖမ်းမိ

တရားမဝင် ထုတ်ယူထားသော ကျွန်းခွဲသား ၉၃၈ ချောင်းအား စစ်ကိုင်းတွင် ပိုင်ရှင်မဲ့ဖမ်းမိ
ဓာတ်ပုံ-သစ်တောဦးစီးဌာန

 

ရန်ကုန်၊ စက်တင်ဘာလ ၂၂  ။                    ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်၊ မံမော်ကြိုးဝိုင်း အကွက်အမှတ် ၉၃ တောတွင်းနေရာများမှ တရား မဝင် ထုတ်ယူထားသော ကျွန်းခွဲသား ၉၃၈ ချောင်းအား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ ယနေ့ စက်တင်ဘာလ ၂၂ ရက်တွင် သတင်းထုတ်ပြန်သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ကသာခရိုင်မှ ဦးစီးအရာရှိ ဦးဆောင်ပြီး ဗန်းမောက်မြို့နယ် သစ် တောဝန်ထမ်းများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းအဖွဲ့မှ တရားမဝင်သစ်ထုတ်နေမှုများအား ရှာဖွေဖမ်း ဆီးနေရာမှ စက်တင်ဘာလ ၂၁ ရက်နေ့တွင် အဆိုပါ ကျွန်းခွဲသားများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ မံမော်ကြိုးဝိုင်း အကွက်အမှတ် ၉၃ တောတွင်းနေရာများမှ တရားမဝင် ထုတ်ယူထားသော ကျွန်းခွဲသား ၉၃၈ ချောင်း( ၁၅ ဒသမ ၄၇၁၂)တန်နှင့်အတူ သစ်စက်အင်ဂျင် တစ်လုံး၊ ဆက်စပ်ပစ္စည်းများပါ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးရမိခဲ့သည့် သစ်များ၊ သစ်စက်အင်ဂျင်နှင့် ဆက်စပ်ပစ္စည်းများနှင့် ပတ်သက်သူများကို ဥပဒေနှင့် အညီ အရေးယူနိုင်ရန် တာဝန်ရှိသူများက စုံစမ်းရှာဖွေလျက်ရှိကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required