ထိုင်းတောင်ပိုင်း ဗုံးကွဲမှု စစ်သားလေးဦး သေဆုံး

By AFP
22 September 2017
ထိုင်းတောင်ပိုင်း ဗုံးကွဲမှု စစ်သားလေးဦး သေဆုံး

 

စက်တင်ဘာ ၂၂ ။                 ။ ထိုင်းနိုင်ငံတောင်ပိုင်း ပတ္တနီခရိုင်မှာ စက်တင်ဘာ ၂၂ ရက် မနက်ပိုင်းက ဗုံးခွဲတိုက်ခိုက်မှုတစ်ခုဖြစ်ခဲ့တာကြောင့် ကင်းလှည့်စစ်သား လေးဦး သေဆုံးကာ ခြောက်ဦး ဒဏ်ရာရရှိသွားခဲ့တယ်လို့ ထိုင်းစစ်တပ်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သေဆုံးသွားခဲ့တဲ့ ကင်းလှည့်စစ်သားတွေပါဝင်တဲ့ အဖွဲ့ဟာ ပုံမှန်လုပ်ရိုးလုပ်စဉ်တာဝန်အရ လမ်းကြောင်းရှင်းဖို့ မနက်အစောပိုင်း ထွက်ခွာလာခဲ့ရာကနေ ယခုလို ချိန်ကိုက်ဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခံ လိုက်ရတာဖြစ်တယ်ဆိုပြီး တာဝန်ရှိသူတွေက ပြောပါတယ်။

အဆိုပါ ကင်းလှည့်စစ်သားအဖွဲ့ဟာ လမ်းပိုင်းတစ်နေရာအရောက်မှာ တူးမြောင်းပြွန်တစ်ခုကို စစ်ဆေးဖို့ ကားပေါ်က ဆင်းလိုက်ချိန်မှာပဲ ချိန်ကိုက်ဖောက်ခွဲခံလိုက်ရတာဖြစ်ကြောင်း   နိုင်ငံတောင်ပိုင်း   ပြည်တွင်းလုံခြုံရေး စစ်ဌာနချုပ်က ထုတ်ပြန်ပါတယ်။

" ဒီတိုက်ခိုက်မှုက ဒေသမှာ မတည်မငြိမ်မှုတွေ ထပ်ဖြစ်စေဖို့ ရည်ရွယ်လုပ်ခဲ့တာဖြစ်ပါတယ်" ဆိုပြီး ယင်းရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မလေးရှားနဲ့ နယ်မြေချင်းထိစပ်နေတဲ့ ထိုင်းနိုင်ငံတောင်ပိုင်းစွန်းဒေသဟာဆိုရင် မွတ်ဆလင်အများစု ရှိပြီး ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေများကတည်းက မွတ်ဆလင်ခွဲထွက်ရေးအဖွဲ့တွေရဲ့ ဆူပူအကြမ်းဖက်မှုတွေ ရှိထားခဲ့တာဖြစ်ပါတယ်။

ယင်းဒေသတွင်း မကြာခဏဆိုသလို ဗုံးပေါက်ကွဲမှု၊ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားအများစုအပါအဝင် လူပေါင်း ၆,၈၀၀ ကျော် သေဆုံးထားခဲ့ရပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required