ဟာရီကိန်းမာရီယာကြောင့် ဒိုမီနီကန်ရီပတ်ဘလစ်၌ လေပြင်းများတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်း

ဟာရီကိန်းမာရီယာကြောင့် ဒိုမီနီကန်ရီပတ်ဘလစ်၌ လေပြင်းများတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်း

 

ဆန်တိုဒိုမင်ဂို၊ စက်တင်ဘာ ၂၂ ။             ။ ဟစ်ပန်နီယိုလာကျွန်း၏ အရှေ့မြောက်ဘက်ကမ်းရိုးတန်းဒေသကို တိုက်ခတ်အပြီးတွင် ဟာရီကိန်းမုန်တိုင်း မာရီယာသည် ဒိုမီနီကန်ရီပတ်ဘလစ်နိုင်ငံထဲမှ ကြာသာပတေးနေ့က ထွက်ခွာသွားခဲ့သော်လည်း လေပြင်းများ နှင့် မိုးသည်းထန်စွာရွာသွန်းမှုတို့ကြောင့် နိုင်ငံအနှံ့အပြားတွင် ရေကြီးရေလျှံမှု ဖြစ်ပွားလျက်ရှိသည်။

ပြင်းအားအဆင့် ၃ရှိ ဟာရီကိန်းမုန်တိုင်းအဖြစ် သတ်မှတ်ထားသော မာရီယာကြောင့် ဒိုမီနီကန်၌ လူအသေ အပျောက်မရှိခဲ့သော်လည်း အနည်းဆုံးလူတစ်ဦး ပျောက်ဆုံးခဲ့ပြီး ယင်းမုန်တိုင်းသည်လက်ရှိတွင် အနောက် မြောက်ဘက်သို့ ဦးတည်နေပြီး ဘဟားမားကျွန်းအရှေ့ပိုင်း၊ တာ့ခ်နှင့်ကိုင်ကော့စ်ကျွန်းများသို့ တိုက်ခတ်လာနိုင် ကြောင်း မိုင်ယာမီအခြေစိုက် နိုင်ငံတော်ဟာရီကိန်းစင်တာက ကြာသာပတေးနေ့တွင် ထုတ်ပြန်ခဲ့သည်။

မုန်တိုင်းတိုက်ခတ်သွားသော ဒိုမီနီကန်အရှေ့မြောက်ပိုင်း ကမ်းရိုးတန်းဒေသတစ်လျှောက်၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့သလို တစ်နာရီ ကီလိုမီတာ ၁၁၀ ခန့်ရှိသော လေတိုက်နှုန်းကြောင့် အိမ်ခေါင်မိုးများကျွတ်ထွက်ခြင်း နှင့် ဓာတ်တိုင်များပြိုလဲခြင်းတို့ကြောင့် လူပေါင်း ၃သိန်းခန့် လျှပ်စစ်မီးပြတ်တောက်မှုကို ကြုံတွေ့နေရသည်။

မုန်တိုင်းကြောင့် အိမ်ပေါင်း ၁၂၈၆ လုံးနှင့် မြို့ပေါင်း ၁၅ မြို့မှ လမ်းတံတားများ ပျက်စီးခဲ့သလို လူပေါင်း ၁၄၀၀၀ခန့်ကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရကြောင်း အရေးပေါ်ကယ်ဆယ်ရေးစင်တာက သတင်းထုတ်ပြန်ခဲ့ ပြီး မုန်တိုင်းထွက်ခွာသွားသော်လည်း ခရိုင် ၂၃ခု၌ အနီရောင်အဆင့် သတိပေးချက်ကို ထုတ်ပြန်ထားဆဲဟု သိရသည်။

နေရာအနှံ့အပြားတွင် မိုးရေချိန် ၆ လက်မမှ ၁၂ လက်မအထိ ရွာသွန်းနိုင်ပြီး အချို့နေရာများတွင် လက်မ ၂၀ အထိရှိနိုင်ကာ အင်အားပြင်းပြီး ၁.၂ မှ ၁.၈ မီတာအထိမြင့်သော လှိုင်းလုံးကြီးများ ပန်တာကာနာနှင့် ပွေတိုပလာတာတို့ကို ရိုက်ခတ်လာနိုင်ကြောင်း အာဏာပိုင်များက သတိပေးခဲ့သည်။

မုန်တိုင်းကြောင့် ဒိုမန်နီကန်ရှိ နိုင်ငံတကာလေကြောင်း ခရီးစဉ်များကို ဖျက်သိမ်းခဲ့ရပြီး စုစုပေါင်းခရီးစဉ် ၇၀ ကျော်ခန့် ဖျက်သိမ်းခဲ့ကြောင်း သိရသည်။ ဒါ့အပြင် ပန်တာကာနာရှိ ဟော်တယ်များ၌ တည်းခိုးနေကြသော ခရီးသွားဧည့်သည် ၄၀၀၀ ကျော်အား လုံခြုံသောနေရာ၌ ခိုလှုံခွင့်ပေးထားကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required