လစာငွေတိုးမြှင့်ပေးရန် စီရော်နယ်ဒို တောင်းဆို

လစာငွေတိုးမြှင့်ပေးရန် စီရော်နယ်ဒို တောင်းဆို

 

စက်တင်ဘာ ၂၂၊ စပိန် ။             ။ ပေါ်တူဂီတိုက်စစ်မှူးစီရော်နယ်ဒိုက ၎င်းအား လစာငွေတိုးမြှင့်ပေးရန် ရီးယဲလ်အသင်းအာဏာပိုင်များထံ တောင်းဆိုလိုက်သည်။

စီရော်နယ်ဒိုသည် ယခုလက်ရှိတွင် တစ်နှစ်လစာငွေ ပေါင် ၁၉.၅ သန်းရရှိနေပြီး ရီးယဲလ်အသင်းနှင့် ၂၀၂၁ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးသည်။ လက်ရှိတွင် စီရော်နယ်ဒိုမှာ ရီးယဲလ်၏ လစာငွေအများဆုံးလည်း ဖြစ်သည်။

သို့သော် အသက် ၃၂ နှစ်အရွယ်ရှိ စီရော်နယ်ဒိုက ၎င်းကို တစ်နှစ်လစာငွေ ပေါင် ၂၇ သန်းဖြင့် တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ အဆိုပါ လစာငွေပမာဏမှာ မက်ဆီ၏လစာငွေထက်ပိုမိုများပြားသည့် ပမာဏ ဖြစ်သည်။

စီရော်နယ်ဒိုသည် ဒိုင်လူကြီးကို တွန်းခဲ့သည့်အတွက် ပွဲပယ်ခံထားရပြီး ပြီးခဲ့သည့် ဘက်တစ်နှင့်ပွဲစဉ်တွင်မှ ပြန်လည် ပါဝင်နိုင်ခြင်းဖြစ်သည်။ သို့သော် ထိုပွဲတွင် ရီးယဲလ်အသင်းမှာ ဘက်တစ်ကို တစ်ဂိုး၊ ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ရသည်။ ထိုပွဲတွင် ဂိုးမသွင်းနိုင်ခဲ့ခြင်းကြောင့် ၇၂ ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့သည့် ရီးယဲလ်အသင်း၏စံချိန်လည်း ပျက်ပြယ်သွားခဲ့ရသည်။

ရီးယဲလ်အသင်းမှာ ယခုနှစ်တွင် နည်းပြဇီဒန်း၊ ဘန်ဇီမာ၊ ကာဗာဂျယ်၊ အစ္စကိုနှင့် မာဆယ်လိုတို့ကို စာချုပ်သစ်များ အသီးသီး ချုပ်ဆိုထားသည်။

ရည်ညွှန်း sportsmole

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required