ဒေသတည်ငြိမ်ရေး ဆောင်ရွက်နေချိန်တွင် ပြဿနာဖြစ်အောင် ဖန်တီးနေသူများရှိကြောင်း တပ်ချုပ်ပြော

ဒေသတည်ငြိမ်ရေး ဆောင်ရွက်နေချိန်တွင် ပြဿနာဖြစ်အောင် ဖန်တီးနေသူများရှိကြောင်း တပ်ချုပ်ပြော
ဓါတ်ပုံ - မင်းမျိုးနွယ်/RiA

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဒေသတည်ငြိမ်ရေးနှင့် နယ်မြေရှင်းလင်းရေး လုပ်ငန်းစဉ်များကိုဆောင်ရွက်နေချိန်တွင် ပြဿနာဖြစ်အောင် ဖန်တီးနေသူများရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ပြောသည်။

လက်ရှိတွင် ဒေသအခြေအနေများမှာ အနည်းငယ်တည်ငြိမ်နေပြီဖြစ်သည့်အတွက် တပ်မတော်အနေဖြင့် နယ်မြေရှင်းလင်းရေးလုပ်ငန်းစဉ်များအား ရပ်နားထားသော်လည်း လုံခြုံရေးအရ တပ်များကို ပြန်လည် ရုပ်သိမ်းခြင်း မရှိသေးသည့်အတွက် ဒေသတွင်းနေထိုင်သူများအပြင် နိုင်ငံတကာမှလည်း ပြဿနာ လုပ်လာနိုင်ကြောင်း စက်တင်ဘာလ ၂၁ ရက်နေ့က စစ်တွေမြို့တွင် ပြုလုပ်ခဲ့သည့် အခမ်းအနား၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျောင်းသူ/သားတွေ ကျောင်းမပျက်မကွက်တက်နိုင်ဖို့အတွက် နယ်မြေလုံခြုံဖို့လိုတယ်။ ဆရာ/မတွေက ကျွန်တော်ကို ပြောကြပါတယ်။ တပ်တွေကိုချဲ့ပေးဖို့အတွက် ဒါပေမဲ့ တပ်တွေကို ကျွန်တော်တို့ချဲ့ချင်တိုင်း ချဲ့လို့မရဘူး။ ကျွန်တော်တို့ကို ဒေါက်ထောက်ပြီးကြည့်နေတဲ့ ပြဿနာရှာဖို့လူတွေ အများကြီးရှိပါတယ်။

ဥပဒေနဲ့ညီအောင် တော်တော်လေးထိန်းထိန်းသိမ်းသိမ်းလုပ်နေရပါတယ်။ ကိုယ့်ချင်းချင်းလည်း ပြဿနာရှာဖို့ ရှိနေတယ်။ ပြည်ပကလည်း ပြဿနာရှာဖို့လုပ်နေတာတွေရှိပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ထို့ကြောင့် တပ်မတော်အနေဖြင့် နယ်မြေရှင်းလင်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် ယင်းသို့ဒေသတွင်းမှ မတည်မငြိမ်ဖြစ်အောင် ဖန်တီးမှုများ   ပြုလုပ်လာနိုင်သူများနှင့်   ပြည်ပနိုင်ငံများမှ ပြစ်တင်ပြောဆိုမှုများမပြုလုပ်စေရန် တပ်မတော်အနေဖြင့် သတိထားဆောင်ရွက်နေရကြောင်း ပြောကြားခဲ့သည်။

“ဒါကြောင့် နယ်မြေတည်ငြိမ်ရေးကို လုပ်နေတဲ့အချိန်မှာ ကျွန်တော်တို့တပ်မတော်နဲ့ ရဲတပ်ဖွဲ့တွေကို ဝိုင်းဝန်းကြဖို့။ ပြည်သူလူထိုကလည်း ပါဝင်ဖို့လိုပါတယ်။ ပါဝင်ပေးကြပါ။ ဝိုင်းဝန်းကူညီပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။”ဟု အခမ်းအနားတက်ရောက်လာခဲ့ကြသည့် ထွက်ပြေးတိမ်းရှောင်လာခဲ့ကြသူများကို ပြောကြားခဲ့သည်။

ယင်းအပြင် ဒေသခံများအနေဖြင့် မိမိနေရပ်သို့ ပြန်လည်သွားရောက်နေထိုင်ကြရန်နှင့် လုပ်ကိုင်စားသောက်မှု အဆင်ပြေစေရေးအတွက်   ဆောင်ရွက်မှုများပြုလုပ်ပေးသွားမည်ဖြစ်ကာ   ထောက်ပံ့ကူညီပေးနေကြသည့် အလှူရှင်များအနေဖြင့်လည်း မိမိတို့လှူဒါန်းသည့်ငွေကြေးနှင့် အလှူပစ္စည်းများအား မည်သည့်နေရာတွင် အသုံးပြုစေလိုကြောင်း တိုက်ရိုက်အကြံပြု လှူဒါန်းစေလိုကြောင်း ပြောကြားခဲ့သည်။

ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု ကြောင့် ထွက်ပြေး တိမ်းရှောင်နေကြသည့်တိုင်းရင်းသားများအား ပြန်လည်နေရာချထားရေးနှင့် နယ်စပ်ခြံစည်းရိုးကာရံ ရန်အတွက် စက်တင်ဘာလ ၂၁ ရက်နေ့ န့လည်အချိန်က စစ်တွေမြို့ရှိ ဦးဥတ္တမခန်းမ၌ ပြုလုပ်သော အကြမ်းဖက်သ မားတိုက်ခိုက်မှုကြောင့်တိမ်းရှောင်တိုင်း ရင်းသားများ ထောက်ပံ့ပစ္စည်း ပေးအပ်ခြင်းနှင့် နယ်စပ်ခြံစည်းရိုးကာရံရန်အ တွက် အလှူငွေးများပေးအပ်ခြင်းအခမ်းအနားတွင် စုစုပေါင်း ငွေကျပ်သိန်း (၂၂၈၀၃) လှူဒါန်းရရှိခဲ့ကြောင်း သိရ သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required