ချက်သမ္မတ နိုင်ငံကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်ဖွယ်ရှိနေ

ချက်သမ္မတ နိုင်ငံကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်ဖွယ်ရှိနေ

 

ရန်ကုန် ၊ စက်တင်ဘာ ၂၂ ။                    ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် အောက်တိုဘာ ၁၁ ရက်နေ့တွင် ချက်သမ္မတနိုင်ငံကို သွားရောက်ဖွယ်ရှိနေသည်ဟု ချက်သမ္မတနိုင်ငံထုတ် Prague Daily Monitor က ရေးသားထားသည်။

ယင်းခရီးစဉ်အတွင်း ချက်နိုင်ငံ သမ္မတ Milos Zeman  ၊ ဝန်ကြီးချုပ် Bohuslav Sobotka နှင့် လွှတ်တော်ဥက္ကဋ္ဌ Milan Stech  တို့နှင့် တွေ့ဆုံသွားမည်ဟု ယင်းသတင်းစာ ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ်က ချက်နိုင်ငံခြာေးရးဝန်ကြီး Lubomir Zaoralek  မြန်မာနိုင်ငံကို လာရောက်ခဲ့စဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားခဲ့ခြင်းလည်းဖြစ်သည်။

ရခိုင်ပြည်နယ်ပဋိပက္ခကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကုလသမဂ္ဂခရီးစဉ်ကို ဖျက်သိမ်းထားခဲ့ခြင်းကြောင့် ယခု ချက်သမ္မတနိုင်ငံခရီးစဉ် နှင့်ပတ်သက်ပြီး သွားရောက်ခြင်း ရှိမရှိ မေးမြန်းရန်  နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူများကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းသော်လည်း မရခဲ့ပေ။

၂၀၁၃ ခုနှစ်အတွင်းက ဒေါ်အောင်ဆန်းစုကြည်သည် ချက်သမ္မတနိုင်ငံကို သွားရောက်လည်ပတ်ခဲ့သေးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly