မြောက်ကိုရီးယားအရေးကို ဆွေးနွေးညှိုနှိုင်းမှုဖြင့်သာ အဖြေရှာရမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော

By AFP
22 September 2017
မြောက်ကိုရီးယားအရေးကို ဆွေးနွေးညှိုနှိုင်းမှုဖြင့်သာ အဖြေရှာရမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော

 

ကုလသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စု၊ စက်တင်ဘာ ၂၂  ။         ။ မြောက်ကိုရီးယားအရေးကိစ္စကို ဖြေရှင်းရာတွင် ဆွေးနွေးညှိုနှိုင်းသည့် နည်းလမ်းဖြင့်သာ ဖြေရှင်းနိုင်မည်   ဖြစ်ကြောင်းနှင့်   ပြုံယမ်းအစိုးရအနေဖြင့်လည်း နျူကလီးယားလက်နက်ကို လက်ကိုင်မပြုထားသင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ရီက ကြာသာပတေးနေ့တွင် သတိပေးပြောဆိုခဲ့သည်။

“ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်ရှိပါသေးတယ်။ ကျနော်တို့လက်မလျှော့သင့်ပါဘူး။ ဆွေးနွေးညှိုနှိုင်းမယ့် နည်းလမ်းတစ်ခုတည်းကသာ ဒီကိစ္စကိုဖြေရှင်းနိုင်မှာဖြစ်ပြီး ကျနော်တို့ကြိုးစားကြည့်သင့်ပါတယ်” ဟု ဝမ်ရီက ကုလသမဂ္ဂအထွေထွေ အစည်းအဝေးပွဲ၌ ပြောကြားခဲ့သည်။

“တင်းမာမှုတွေ ပြေလျော့စေဖို့အတွက် ကျနော်တို့အားလုံး အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင် လုပ်ဆောင်ဖို့ တောင်းဆိုပါတယ်” ဟု ဝမ်ရီကပြောခဲ့ပြီး မြောက်ကိုရီးယားတို့ကို ဖျက်ဆီးချေမှုန်းပစ်မည်ဆို သော ထရမ့်၏ပြောဆိုချက်ကို ရည်ရွယ်ကာ ပြောကြားခဲ့ခြင်းဖြစ်သည်။

အမေရိကန်တို့၏ မဟာမိတ်ဖြစ်သော ဂျပန်နိုင်ငံ၏ ဝန်ကြီးချုပ်ရှင်ဇိုအာဘေးကလည်း ဂျပန်နိုင်ငံပိုက်နက်ပေါ်မှ ဒုံးပျံပစ်လွှတ်စမ်းသပ်ကာ ရန်စခဲ့သော မြောက်ကိုရီးယားတို့နှင့်   ဆွေးနွေးညှိုနှိုင်းမည်ဆိုခြင်းမှာ အကျိုးမရှိသော လုပ်ရပ်ဖြစ်ကြောင်း ပြောဆိုခဲ့ဖူးသည်။

ဝမ်ရီက “ နျူကလီးယားလက်နက် ပိုင်ဆိုင်တဲ့နိုင်ငံတွေမရှိသင့်ပါဘူး။ ကိုရီးယားကျွန်းဆွယ်ရဲ့ တောင်ဘက် အခြမ်းမှာပဲဖြစ်ဖြစ်၊ မြောက်ဘက်အခြမ်းမှာပဲဖြစ်ဖြစ်၊ ဘယ်ဘက်မှာမှ နျူကလီးယားလက်နက်တွေ မရှိသင့်ပါ ဘူး။ အာရှအရှေ့မြောက်ပိုင်းမှာပဲဖြစ်ဖြစ်၊ ကမ္ဘာကြီးရဲ့ အခြားနေရာမှာပဲဖြစ်ဖြစ်၊ ဘယ်နေရာမှာမှ နျူကလီးယား လက်နက်တွေ မရှိသင့်တော့ပါဘူး” ဟုလည်း ပြောဆိုခဲ့သည်။

မြောက်ကိုရီးယားအပေါ် လွှမ်းမိုးမှုရှိပြီး စီးပွားရေးအရ အသက်ဆက်နိုင်ရန် ထောက်ပံပေးနေသော  တရုတ်နိုင်ငံသည် ကင်ကျုံအမ်း၏နိုင်ငံကြီး ပြိုလဲသွားလျှင် ကြုံတွေ့ရမည့် နောက်ဆက်တွဲကိစ္စများကို စိုးရွံ့နေ သည်။

ထို့ကြောင့် ဝမ်ရီက ကုလသမဂ္ဂ၌ မိန့်ခွန်းပြောကြားခဲ့စဉ်တွင် အမေရိကန်တို့၏ သတိပေးမှုများကို ရင်ဆိုင်နေရ သော မြောက်ကိုရီးယားတို့အနေဖြင့် အန္တရာယ်ရှိသောလမ်းကို ဆက်မလျှောက်သင့်ကြောင်း ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required