မက္ကစီကိုငလျင်ဒုက္ခသည်များအား အကူအညီပေးကြရန် ပရိသတ်များကို ရှာကီရာတောင်းဆို

မက္ကစီကိုငလျင်ဒုက္ခသည်များအား အကူအညီပေးကြရန် ပရိသတ်များကို ရှာကီရာတောင်းဆို

ယူနီဆက်ဖ် (UNICEF) ၏ သံတမန်တစ်ဦးဖြစ်သူ ကိုလံဘီယာအဆိုတော် ရှာကီရာက လွန်ခဲ့သောအင်္ဂါနေ့က မက္ကစီကိုနိုင်ငံတွင် လှုပ်ခတ်သွားသော ငလျင်ကြီးကြောင့် ဘေးဒုက္ခရောက်ခဲ့ရသူများကို ဝိုင်းဝန်းကူညီပေးကြ ရန် သူမ၏ပရိသတ်များအား လူမှုမီဒီယာမှတဆင့် တောင်းဆိုခဲ့သည်။

“မက္ကစီကိုနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်ဆိုးကြီးအတွက် ကျမအလွန်ကို စိတ်မကောင်းဖြစ်မိပါ တယ်” ဟု ရှာကီရာက  သူမ၏ တွစ်တာအကောင့်တွင် ရေးသားခဲ့သည်။

ဆက်လက်ပြီး “ရှင်တို့တွေ အကူအညီပေးချင်တယ်ဆိုရင် shakir.as/unicefmexico ဆိုတဲ့ ဒီလင့်ခ်ကိုနှိပ်ပြီး တော့ လှူဒါန်းမှုများ ပြုလုပ်နိုင်ပါတယ်” ဟု သူမက ရေးသားကာ လှူဒါန်းနိုင်မည့်နည်းလမ်းကို ပြောပြခဲ့သည်။

ပရိသတ်များသည် ရှာကီရီဖော်ပြထားသော လင့်ခ်အတိုင်းဝင်သွားပါက မက္ကစီကိုယူနီဆက်ဖ်အဖွဲ့၏ ဝက်ဘ်ဆိုက်ထဲသို့ ရောက်သွားမည်ဖြစ်ပြီး ထိုမှတဆင့် လှူဒါန်းနိုင်မည်ဖြစ်သည်။

Ref: Billboard

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required