ဆန္ဒပြပွဲများအား ရပ်တန့်ပေးရန် ကတ်တလန်ခွဲထွက်ရေးဝါဒီများကို စပိန်ဝန်ကြီးချုပ်တောင်းဆို

By AFP
21 September 2017
ဆန္ဒပြပွဲများအား ရပ်တန့်ပေးရန် ကတ်တလန်ခွဲထွက်ရေးဝါဒီများကို စပိန်ဝန်ကြီးချုပ်တောင်းဆို

ဘာစီလိုနာ၊ စပိန်၊ စက်တင်ဘာ ၂၁ ။           ။ ကတ်တလန်ဒေသ လွတ်လပ်ရေးရရှိရန်ကြိုးပမ်းမှုကို မက်ဒရစ်အစိုးရက တားမြစ်နေသောကြောင့် ဆန့်ကျင် ဆန္ဒပြသည့်အနေဖြင့် ဘာစီလိုနာမြို့လမ်းမများပေါ်၌ လူပေါင်းများစွာက ဆန္ဒပြမှုများပြုလုပ်နေကြသည့် အတွက် ထိုဆူပူအုံကြွမှုများကို ရပ်တန်းမှရပ်ပစ်ရန် ကတ်တလန်ခွဲထွက်ရေးသမား ခေါင်းဆောင်များကို စပိန်ဝန်ကြီးချုပ်က ဗုဒ္ဓဟူးနေ့တွင် တောင်းဆိုခဲ့သည်။

“အရှိန်မြင့်တက်လာတဲ့ တော်လှန်ဆန္ဒပြနေမှုများနဲ့ အမိန့်မနာခံမှုများကို ရပ်တန်းကရပ်ပစ်လိုက်ပါ” ဟု ဝန်ကြီး ချုပ် မာရီယာနိုရေးဂျွိုင်းက ဆန္ဒပြသူများကို ရည်ရွယ်ကာ ရုပ်မြင်သံကြားမှတဆင့် သတင်းမိန့်ခွန်းပြောကြားခဲ့ သည်။

ဆက်လက်ပြီး “ ပြသနာမကြီးသွားအောင် ရှောင်ရှားဖို့ အချိန်ကျန်ပါသေးတယ်” ဟု သူက ဆက်ပြောခဲ့သည်။

ပြီးခဲ့သောဗုဒ္ဓဟူးနေ့ မနက်ပိုင်းက စပိန်ရဲတပ်ဖွဲ့သည် ကတ်တလန်အစိုးရအဖွဲ့မှ တာဝန်ရှိသူ ၁၄ဦးကို ဖမ်းဆီး ခဲ့သည့်အတွက် ကတ်တလန်ဒေသ လွတ်လပ်ရေးအတွက် ကြိုးပမ်းနေသူများက “ကျုပ်တို့ မဲပေးမယ်” ဟု အော်ဟစ်ကြွေးကြော်ခဲ့ကြကာ ဆန္ဒပြပွဲပြုလုပ်ခဲ့ကြသည်။

ဆန္ဒပြပွဲကို ဖျက်သိမ်းဖို့  အစိုးရက တောင်းဆိုခဲ့သော်လည်း ၎င်းတို့ကငြင်းဆန်ခဲ့ပြီး ခွဲထွက်ရေးသမားများ၏ ဆန္ဒမဲပေးလွှာ ၁၀ သန်းနီးပါးခန့်ကို ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာခဲ့ သည့်အချိန်တွင် ၎င်းတို့၏ဒေါသများ ပိုမိုကြီးထွားလာခဲ့သည်။

ဒါ့အပြင် ကတ်တလန်ဒေသ လွတ်လပ်ရေးအတွက် ကျင်းပမည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ထောက်ခံသူများ က မက်ဒရစ်မြို့တွင် စုရုံးဆန္ဒပြလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required