မောင်တောဒုက္ခသည်များအတွက် ကောက်ခံရရှိငွေ ကျပ်သိန်း နှစ်ထောင်ကျော်ရှိ

မောင်တောဒုက္ခသည်များအတွက် ကောက်ခံရရှိငွေ ကျပ်သိန်း နှစ်ထောင်ကျော်ရှိ
ဓာတ်ပုံ-ကိုဝေဟင်အောင်
 

ရန်ကုန်၊ စက်တင်ဘာလ ၂ဝ ။            ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ရွာများတွင် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ဒုက္ခရောက်နေ သော ပြည် သူများအတွက် ပြည်တွင်း၊ ပြည်ပမှ အလှူရှင်များက  စာရေးဆရာ ဝေဟင်အောင်မှတဆင့် လှူဒါန်း လျှက်ရှိရာ ယနေ့အထိငွေ ကျပ်သိန်း ၂,၂ဝဝ ခန့်ရရှိပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ အလှူငွေကျပ်သိန်း ၂,၂ဝဝ ခန့်မှာ ခန့်မှန်းခြေ ပမာဏသာဖြစ်ပြီး သြဂုတ်လ ၂၇ ရက်မှ စက်တင်ဘာလ ၂ဝ ရက်နေ့အထိ စစ်တွေမြို့နယ်ဒေသခံ စာရေးဆရာ ဝေဟင်အောင် တစ်ဦးတည်း ကောက်ခံရရှိသော အ လှူငွေ ပမာဏဖြစ်သည်။

" အလှူငွေကတော့ အခုလက်ရှိချိန်ထိ ကျွန်တော်ဆီကနေတဆင့် လှူဒါန်းထားတာ သိန်း၂,၂ဝဝ ပတ်ဝန်း ကျင်လောက်ရှိပြီခင်ဗျ။ အခုလက်ရှိတော့ ကျွန်တော် မောင်တောမှာပဲရှိတယ်။ မောင်တောမှာပဲ တချို့ရွာတွေမှာ မနေရဲလို့ ထွက်ပြေးလာတဲ့ သူတွေရှိတယ်။ အဲ့ဒီအဖွဲ့တွေ စားဖို့သောက်ဖို့အတွက် ကျွန်တော်တို့က ဒီဖက်မှာ ပ စ္စည်းတွေ ထပ်ဖြည့်နေတယ်။ ဝိုင်းပြီး ကူပေးနေတယ်။ ဒီနေ့ဆိုရင် မောင်တောမြောက်ပိုင်း ရန်အောင်မြေဆိုတဲ့ ရွာမှာ လူပေါင်း ၂ဝဝ ကျော်လောက်ရောက်နေတယ်။ မနေ့ညနေကပဲ ရောက်တာ။ ဒီနေ့တော့ မိုးအခြေအနေနဲ့ လမ်းအခြေအနေကြောင့် သွားမကူလိုက်နိုင်ဘူး။ မနက်ဖြန်တော့ ကျွန်တော်တို့ သွားကူပေးဖြစ်မယ်ဗျ "ဟု စာရေးဆရာ ဝေဟင်အောင်က ယနေ့ စက်တင်ဘာလ ၂ဝ ရက်တွင်  မဇ္ဈိမသို့ပြောသည်။

စစ်တွေမြို့မှ ဒေသခံဖြစ်သူ စာရေးဆရာ ဝေဟင်အောင်မှာ မောင်တောရှိ ပိတ်မိနေသော ဒုက္ခသည်များနှင့် ဒုက္ခသည်စခန်းများတွင် ရှိနေသူများအတွက် ကိုယ်တိုင်အလှူငွေများ ကောက်ခံပေးနေသည့်အပြင် ဝေဠု ကျော်ဖောင်ဒေးရှင်းနှင့်အတူ သြဂုတ်လ ၃ဝ ရက်နေ့ ညနေပိုင်းမှ စတင်ပြီး မောင်တောဒေသသို့ ရောက်ရှိကာ ဒုက္ခသည်များကို ကူညီပေးနေခြင်းဖြစ်သည်။

ရခိုင်ပြည်နယ် အနောက်ဘက်ပိုင်း မောင်တောဒေသအတွင်း သြဂုတ် ၂၅ ရက်နေ့မှ ၃ဝ ရက်နေ့အထိ ဖြစ်ပွား ခဲ့သော အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်ကြောင့် ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၃၄ ရွာမှ ဒေ သခံ တိုင်းရင်းသား ပြည်သူ ၂,၃၂၆ ဦးနှင့် မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၄၃ ရွာမှ ဒေသခံတိုင်း ရင်းသား ပြည်သူ ၉,၄ဝ၂ ဦး စုစုပေါင်း ၁၁,၇၂၈ ဦးတို့ တိမ်းရှောင်နေရကြောင်းသိရသည်။

ထိုသို့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်ကြောင့် တိမ်းရှောင်နေသော ပြည်သူများထံသို့ စာရေးဆရာ ဝေဟင် အောင်ထံမှတဆင့် လှူဒါန်းလိုပါက အောင်ကျော်ဝင်း၊ ၁၁/ပဏတ(နိုင်)ဝ၅၄၂၉၈၆ လိပ်စာဖြင့် စစ်တွေမြို့၊ CB ဘဏ်သို့ လှူဒါန်းနိုင်ပြီး လှူဒါန်းပြီးပါက ဝ၉ - ၄၅ဝ ၅၄၂ ၉၈၆ သို့ ဆက်သွယ် အကြောင်းကြားပေးနိုင်ကြောင်း သိရသည်။

ထို့ပြင် CB ဘဏ် ATM အကောင့်: 0015 6005 0000 8157 သို့လည်းကောင်း၊ ကမ္ဘောဇဘဏ်အကောင့်: 017-301- 0170 1412201 သို့ Aung Kyaw Win အမည်အကောင့်မှ တဆင့်လည်း လှူဒါန်းနိုင်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly