အဲလက်စ်ဒါခစ်ဒ်နှင့် သူမ၏ အချစ်ရေးကို ပရိသတ်များအား အသိပေးခဲ့သည့် ဟယ်လီဘယ်ရီ

အဲလက်စ်ဒါခစ်ဒ်နှင့် သူမ၏ အချစ်ရေးကို ပရိသတ်များအား အသိပေးခဲ့သည့် ဟယ်လီဘယ်ရီ

အမေရိကန်မင်းသမီး ဟယ်လီဘယ်ရီသည် သီချင်းထုတ်လုပ်သူ ဗြိတိန်နိုင်ငံသား အဲလက်စ်ဒါခစ်ဒ်နှင့် သူမ၏ အချစ်ရေးကို ပရိသတ်များအား အသိပေးသည့်အနေဖြင့် သူမနှင့် အဲလက်စ်တို့နှစ်ဦး ရိုက်ကူးထားသော ဓာတ်ပုံ တစ်ပုံကို သူမ၏အင်စတာဂရမ်၌ အင်္ဂါနေ့ကတင်ခဲ့သည်။

အဆိုပါဓာတ်ပုံထဲတွင် အဲလက်စ်သည် သူမကို အနောက်ဘက်မှ သိုင်းဖက်ထားပြီး ဘယ်ရီက ငြိမ်းချမ်းစွာ ပြုံးရယ်လျက်ရှိသည်။ ထိုဓာတ်ပုံနှင့်အတူ “ကျမရဲ့ တည်ငြိမ်ခြင်းလေး” ဟု ဘယ်ရီက စာရေးသားကာ သူမ၏ လူမှုမီဒီယာအကောင့်၌ တင်ခဲ့သည်။

လွန်ခဲ့သော ၂၀၁၅ ခုနှစ်တွင် ဘယ်ရီသည် သူမ၏ ခင်ပွန်းဟောင်းဖြစ်သူနှင့် ကွာရှင်းပြီးကတည်းက ယခုလို သူမ၏အချစ်ရေးအား ပရိသတ်များကို အသိပေးခြင်းသည် ပထမဦးဆုံးအကြိမ်ဖြစ်သည်။

ဘယ်ရီနှင့် ပြင်သစ်မင်းသား အိုလီဗီယာ မာတီနက်ဇ်တို့သည် အိမ်ထောင်သက် ၂ နှစ်ကြာပြီးနောက် တရားဝင်ကွာရှင်းခဲ့ကြပြီး ၃ နှစ်အရွယ် သားလေး တစ်ဦး ထွန်းကားခဲ့သည်။ ဘယ်ရီ့ထံတွင် သူမ၏ရည်းစား ဟောင်း ဂါဘရီရယ်လ်အော်ဘရီနှင့်အတူ ရရှိခဲ့သော ၉ နှစ်အရွယ် သမီးလေးတစ်ဦးလည်း ရှိသည်။

Ref: Billboard

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly