ဇွတ်ကျား ရုပ်ရှင် ဇာတ်ကားကြီး စက်တင်ဘာ ၂၉ရက်တွင် ရုံတင် ပြသမည်

ဇွတ်ကျား ရုပ်ရှင် ဇာတ်ကားကြီး စက်တင်ဘာ ၂၉ရက်တွင် ရုံတင် ပြသမည်

ရန်ကုန် ၊ စက်တင်ဘာ ၂၀ ။          ။ ကြော်ငြာ နမူနာတင်သည့်နေ့မှစပြီး ယနေ့အထိ ကြည့်ရှုသူ ၆သန်းကျော်သွားခဲ့သည့် ဇွတ်ကျား ရုပ်ရှင် ဇာတ်ကားကြီးကို စက်တင်ဘာ ၂၉ရက်မှ စတင်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများတွင် ပြသသွားတော့မည် ဖြစ်သည်။

လက်ကီးဆဲဗင်း ရုပ်ရှင် ထုတ်လုပ်ရေးမှ စီစဉ်ပြီး ဇာတ်လမ်း ရာဇဝင်ကို ၊ ညာလက်တော် ၊ ဇာတ်ညွှန်း ရာဇဝင်ကို ဖြစ်ပြီး ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) ရိုက်ကူးထားကာ သရုပ်ဆောင်များ အဖြစ် ကျော်ရဲအောင် ၊ မြင့်မြတ် ၊ မိုးအောင်ရင် ၊ ရဲလေး ၊ ထက်အောင်ရှိုင်း ၊ စိုးမြတ်သူဇာ ၊ ခိုင်သင်းကြည် ၊ ပက်ထရစ်ရှာ ၊ မေ ၊ သန္တာဗိုလ် နှင့် တခြား သရုပ်ဆောင်များစွာ ပါဝင် သရုပ်ဆောင်ထားကြသည်။

ထိုရုပ်ရှင်ဇာတ်ကား နမူနာကို စက်တင်ဘာ ၅ရက်တွင် ဇွတ်ကျား ရုပ်ရှင်ဇာတ်ကား ဖေ့ဘုတ် စာမျက်နှာတွင် တင်ခဲ့တာ ဖြစ်ပြီး နမူနာတင်ပြီးချိန်းမှ စပြီး ယနေ့အထိ ကြည့်ရှုသူ ၆သန်းကျော် သွားခဲ့သည့် ရုပ်ရှင်ဇာတ်ကား လည်း ဖြစ်သည်။

ဟာသရုပ်ရှင်ဇာတ်ကားဖြစ်ပြီး ပျော်စရာ လူငယ်ဇာတ်လမ်း တစ်ခုဖြစ်ကာ သရုပ်ဆောင် မိုးအောင်ရင် ၏ ပရိသတ်များ အနေဖြင့် သရုပ်ဆောင် မိုးအောင်ရင်ကို အလွမ်းပြေ ကြည့်ရှုရမည့် ရုပ်ရှင်ဇာတ်ကားလည်း ဖြစ်သည်။

ထိုရုပ်ရှင်ဇာတ်ကားတွင် အဆိုတော် မြင့်မြတ် ၏ အသံသည် ပုံမှန် သရုပ်ဆောင်နေကျ အသံမဟုတ်ပဲ ထူးခြားသည့် အသံနှင့် သရုပ်ဆောင်မှုများကို တွေ့မြင်ရမည် ဖြစ်ပြီး သရုပ်ဆောင် ကျော်ရဲအောင် ၏ ထူးခြားသည့် သရုပ်ဆောင်မှုများကိုလည်း တွေ့မြင်ရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly