မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးစီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စများကို ကျွမ်းကျင်သူများ တက်ရောက်ဟောပြောမည့် JobNet Banking and Finance Career Conference 2017

မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးစီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စများကို ကျွမ်းကျင်သူများ တက်ရောက်ဟောပြောမည့် JobNet Banking and Finance Career Conference 2017

ရန်ကုန်၊ စက်တင်ဘာ ၁၈၊ ၂၀၁၇ ခုနှစ် ။            ။ မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးပိုင်းဆိုင်ရာ ပရော်ဖက်ရှင်နယ်များ လိုအပ်နေမှုကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍  JobNet Banking and Finance Career Conference 2017 ကိုရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် စက်တင်ဘာ ၂၄ ရက်နေ့ မနက် ၉ နာရီမှ ညနေ၅နာရီအထိ ကျင်းပသွားမည်ဖြစ်သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာခြင်းအပြင် ဈေးကွက် တိုးတက်ပြောင်းလဲလာခြင်း၊ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက် လျက်ရှိသော မြန်မာနိုင်ငံအတွင်းရှိ ဘဏ်လုပ်ငန်းဆိုင်ရာ စနစ်များဖွံ့ဖြိုးစပြုလာသောကြောင့် ယခုကဲ့သို့ Banking and Finance ပိုင်းတွင် အလုပ် အကိုင် ခန့်ထားရန် မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လျက်ရှိသော မြန်မာနိုင်ငံအတွင်းရှိ ဘဏ်လုပ်ငန်းဆိုင်ရာစနစ်များ ယခုထက်ပိုမိုပြီးဖွံ့ဖြိုးတိုးတက်လာစေရန် နှင့် လက်ရှိကြုံတွေ့နေရသော အခက်အခဲများကို   ဖြေရှင်းကျော်လွှားနိုင်ရန်တို့ကိုရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ထိပ်တန်းအလုပ်အကိုင်ရှာဖွေးရေး Web portal တစ်ခုဖြစ်သော JobNet.com.mm ၏ စစ်တမ်းများအရ အင်တာနက်ကိုအသုံးပြု၍ အလုပ်ခေါ်ယူမှုများတွင်  ဘဏ်လုပ်ငန်းဆိုင်ရာ၊  ငွေကြေးစီမံခန့်ခွဲမှု ဆိုင်ရာ နှင့် စာရင်းကိုင်ပရော်ဖက်ရှင်နယ်များလိုအပ် ချက် သည် ၆ လခန့်အတွင်း ၃၀ ရာခိုင်နှုန်းခန့် ဆက်တိုက်မြင့် တက်ခဲ့ခြင်း ဖြစ်သည်။

“ဘဏ်လုပ်ငန်းတွေ၊ ငွေရေးကြေးရေးလုပ်ငန်းတွေဟာ နိုင်ငံအတွက် တကယ်ကိုအရေးကြီးတဲ့ ကဏ္ဍကနေ ပါဝင်နေပါတယ်။ ဒါကြောင့် နိုင်ငံစီးပွားရေးကို တဖက်တလမ်းကနေ အထောက်အကူပြုနိုင်ဖို့အတွက် JobNet.com.mmကနေ ဒီလို JobNet Banking and Finance Career Conference 2017 ကို ပြုလုပ်တာပဲဖြစ်ပါတယ်။ JobNetအနေနဲ့ မြန်မာ့ စီးပွားရေးကဏ္ဍကို တဖက်တလမ်းက အထောက်အကူပြုနိုင်မယ့် ပွဲတွေ အမြဲလုပ်နေမှာဖြစ်ပြီး မကြာခင်အချိန်မှာ ဆိုရင်လည်း မြန်မာနိုင်ငံရဲ့ ပထမဆုံး Myanmar Employer Awardsကိုပေးတဲ့ ပွဲကြီးကို ကျင်းပတော့မှာလည်းဖြစ်ပါတယ်။” ဟု JobNet.com.mm ၏ မန်းနေးဂျင်းဒါရိုက်တာ Matt De Luca ကပြောသည်။

အဆိုပါ Conference တွင် မြန်မာနိုင်ငံရှိပလက်တီနမ် စပွန်ဆာများအဖြစ် CB ဘဏ်၊ UAB ဘဏ်နှင့် MyWorldCareers၊ ပရီမီယံစပွန်ဆာများအဖြစ် MAB ဘဏ်၊ Wall Street English၊ ပါဝင်ပံ့ပိုးပေးထားကြပြီး UMG၊ MIB၊ MOB ဘဏ်၊ Deloitte၊ ရိုးမဘဏ်၊ J Sat တို့ ကလည်းပါဝင်၍ အလုပ်အကိုင်များတိုက်ရိုက် ခေါ်ဆိုသွားကြမည်ဖြစ်သည်။

ထို့အပြင် မြန်မာနိုင်ငံစာရင်းကိုင်အသင်း၊ Myanmar Institute of Financeနှင့် Win Thin & Associates တို့မှ ငွေရေးကြေးရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက လာရောက်ဟောပြောပေးကြမည်ဖြစ်ပြီး တက်ရောက်လာသူများမှလည်း သိလိုသောအကြောင်းအရာများကို ဆွေးနွေးနိုင်ကြမည်ဖြစ်သည်။

မြန်မာနိုင်ငံစာရင်းကိုင်များအသင်း၏ အထွေထွေအတွင်းရေးမှူး ဦးစိုးထွန်းကလည်း“ ဒီပွဲဟာတကယ်ကိုအကျိုးရှိမယ့် ပွဲတစ်ခုဖြစ်ပါတယ်။ ဟောပြောဆွေးနွေးကြမယ့် ခေါင်းစဉ်တွေကလည်း   ငွေရေးကြေးရေးကဏ္ဍအတွက် တကယ်ကို စိတ်ဝင်စားစရာ ခေါင်းစဉ်တွေပါ။ လူငယ်တွေအနေနဲ့လည်းကိုယ့် ပရော်ဖက်ရှင်နယ်မှာ ဘာတွေပြင်ဆင်ရမလဲဆိုတာ သိနိုင်သလိုတက်ရောက်လာတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ အနေနဲ့လည်း ပိုပြီး စိတ်ဝင်စားစရာကောင်းတာတွေ ကိုနားထောင်ကြရမှာ ဖြစ်ပါတယ်။”ဟုပြောသည်။

အဆိုပါ Conference တွင် အနာဂါတ်၅နှစ်တာကာလအတွင်း မြန်မာ့ဘဏ်လုပ်ငန်းဆိုင်ရာ အခြေအနေများအတွက် အမျှော်အမြင်များကို မျှဝေခြင်း၊ မြန်မာ့စာရင်းကိုင်လုပ်ငန်းနှင့် ဘဏ္ဍာရေးကဏ္ဍ၏ အခွင့်အလမ်းများစိတ်ခေါ်မှုများနှင့် အနာဂတ်ကိုခြုံငုံသုံးသပ်ခြင်း၊ တိုးတက်လာတဲ့ နည်းပညာတွေဟာ ဘဏ်လုပ်ငန်းဆိုင်ရာ၊ ငွေကြေးဆိုင်ရာ၊ စာရင်းအင်းပညာဆိုင်ရာ နယ်ပယ်က ပရောဖက်ရှင်နယ်တွေကို သက်ရောက်နေသော အကြောင်းအရာနှင့် မြန်မာနိုင်ငံ၏ လျှင်မြန်စွာဖွံ့ဖြိုးလာသော အာမခံလုပ်ငန်းကဏ္ဍ၏ အလုပ်အကိုင်အခွင့်အလမ်းများအကြောင်းကို ကျွမ်းကျင်သူများက ကဏ္ဍအလိုက် ဆွေးနွေးကြမည်ဖြစ်သည်။

About www.JobNet.com.mm          “အကောင်းမွန်းဆုံးသော အလုပ်အကိုင်များအတွက်မြန်မာ့နံပတ် (၁) အလုပ်အကိုင်ရှာဖွေရေးဝဘ်ဆိုဒ်ဖြစ်တဲ့ JobNet.com.mmမှာ ယခုပဲ စတင်ရှာဖွေလိုက်ပါ။ JobNet.com.mm ဟာမြန်မာပြည်ရှိ ထိပ်တန်းကုမ္ပဏီကြီးများအတွက် မှန်ကန်သင့်တော်သော အလုပ်သမားများရှာဖွေပေးမှုနှင့် အလုပ်အကိုင်ရှာဖွေနေသူများအတွက်လည်း အခြားမည်သည့်နေရာတွင်မှ ရှာဖွေမရနိုင်တဲ့ အကောင်းမွန်ဆုံးသော အလုပ်အကိုင်များရရှိနိုင်ရန် ကြိုးစားလုပ်ဆောင်ကူညီပေးနေတဲ့ ဝဘ်ဆိုဒ်တစ်ခုဖြစ်ပါတယ်။ JobNet.com.mm ဝဘ်ဆိုဒ်တွင် ထောင်ပေါင်းများစွာသော job vacancies များကို အွန်လိုင်းမှတဆင့် click တချက်တည်းဖြင့် ရှာဖွေတွေ့ရှိနိုင်ပြီဖြစ်ပါတယ်။

About Matt De Luca

Matt De Luca ဟာ JobNet.com.mm ရဲ့မန်နေးဂျင်းဒါရိုက်တာ တစ်ဦးဖြစ်ပါတယ်။ ၎င်းဟာ၂၀၁၅ခုနှစ်အတွင်း JobNet.com.mm အား Co-founding မပြုလုပ်မှီ PricewaterhouseCoopers (PWC) ရဲ့ Management Consulting Division ပိုင်းမှာ လုပ်ကိုင်ခဲ့ပြီး သူ့အနေနဲ့ နယ်သာလန်နိုင်ငံမှာ technology အခန်းကဏ္ဍရဲ့ Banking ပေါ်မှာ အကျိုးသက်ရောက်မှုနှင့် ပတ်သက်ပြီး အထူးတာဝန်ယူ လုပ်ဆောင်ရတာ ဖြစ်ပါတယ်။ Matt ဟာ JobNet.com.mm ကိုဝင်ရောက်မလုပ်ကိုင်မှီ မြန်မာနိုင်ငံအတွင်း စီးပွားရေးဝင်ရောက်လုပ်ကိုင်မှုအဖြစ် လုပ်ကိုင်ခဲ့သော Rocket Internet ရဲ့အလုပ်အကိုင်ဆိုဒ်တစ်ခုမှာ လုပ်ကိုင်ခဲ့ပါတယ်။ Matt ဟာ Erasmus University၊ Rotterdam School of Management မှ Science in Finance ဘာသာရပ်တွင် Master ကိုင်ဆောင်ထားသူလည်း   ဖြစ်ပါတယ်။ Matt ဟာရန်ကုန်တွင် အခြေချနေပြီး မြန်မာနိုင်ငံ JobNet.com.mm ရဲ့တိုးတက်မှုကို ဦးဆောင်မှုပြုနေသူလည်းဖြစ်ပါတယ်။

About Justin Sway

Justin Sway မှာမြန်မာပြည်ဖွားတစ်ဦးဖြစ်ပြီး သူ၏ အသက် (၄) နှစ်သားအရွယ်မှာ ၎င်း၏ မိသားစုဟာ Australia နိုင်ငံသို့ပြောင်းရွှေ့အခြေချနေထိုင်ခဲ့ကြတာဖြစ်ပါတယ်။ ယခုအချိန်မှာတော့ Australia တက္ကသိုလ်ပညာရေးနှင့်အနှစ် (၂၀) ကြာ စီးပွားရေးလုပ်ငန်း အတွေ့အကြုံများကို ပိုင်ဆိုင်ထားပြီး နည်းပညာနယ်ပယ်မှာ အောင်မြင်သော စွန့်ဦးတီထွင်သူအဖြစ် ရပ်တည်နေပြီဖြစ်ပါတယ်။ Justin ဟာ ၁၉၉၂ခုနှစ်မှာ Australia နှင့် New Zealand တို့မှာ Recruitment ၊Payrool၊ Billing နှင့် Finance applications တွေကိုရှေးဦးစွာ ဖော်ဆောင်လုပ်ကိုင်သူအဖြစ် FastTrack Pty လီမီတက်ကို တည်ထောင်နိုင်ခဲ့သူဖြစ်ပါတယ်။ အဆိုပါ ကုမ္ပဏီဟာ Australia ဈေးကွက်ရဲ့ ၄၀ရာခိုင်နှုန်းကျော်ကို အောင်မြင်စွာပိုင်ဆိုင်နိုင်ခဲ့ပြီး ကမ္ဘာအနှံအပြားလုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းစုများနှင့် SME လုပ်ငန်းများပါ၎င်းရဲ့ clients များအဖြစ်ရရှိလာခဲ့ပြီး Australia နှင့် Euro တို့တွင် ရုံးခန်းများထားရှိ လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာနိုင်ငံ ၁၅နိုင်ငံတွင် လုပ်ကိုင်လျှက်ရှိသော နှစ်ပေါင်းများစွာသော စီးပွားရေးအတွေ့အကြုံများနှင့်အတူ Justin ဟာယနေ့မြန်မာနိုင်ငံရဲ့တစ်နေ့လျှင် လူဦးရေတစ်သိန်းခန့် ဝင်ရောက်ကြည့်ရှု့သော အင်တာနက်ကွန်ရက်ဖြစ်ပြီး နာမည်ကြီးလူသိများသော Jobnet.com.mm (အလုပ်အကိုင်ကွန်ရက်) နှင့် ShweProperty.com  (အိမ်ခြံမြေကွန်ရက်) တို့ရဲ့ CEO တစ်ယောက်အဖြစ် ရပ်တည်နေပြီဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required