ပြည်ထောင်စုရွှေးကောက်ပွဲကော်မရှင်က ၀န်ထမ်းနှစ်ရာကျော် ထပ်ခေါ်မည်

ပြည်ထောင်စုရွှေးကောက်ပွဲကော်မရှင်က ၀န်ထမ်းနှစ်ရာကျော် ထပ်ခေါ်မည်

သြဂုတ် ၁၄ ။      ။ ပြည်ထောင်စုရွှေးကောက်ပွဲကော်မရှင်က လက်ရှိဝန်ထမ်းဦးရေနှင့် မလုံလောက်သောကြောင့် ဝန်ထမ်းနှစ်ရာကျော်ထပ်မံခေါ်ယူမည်ဟုကော်မရှင်ဥက္ကဌ ဦးတင်အေးက မဇ္ဈိမသို့ပြော သည်။

"လက်ရှိတစ်ထောင်ကျော်လောက်ဘဲရှိတော့ အယောက် နှစ်ရာကျော် ထပ်ခန့်မယ်။ အားလုံး ၁၄၀၀လောက် ဖြစ်သွားမယ်။" ဟု ၎င်းကဆိုသည်။

၂၀၁၀ ခုနှစ်က ပြည်ထောင်စုရွှေးကောက်ပွဲကော်မရှင်သည် ၆၅ ဦးဖြင့် ရွှေးကောက်ပွဲကျင်းပပေးခဲ့ပြီး ၂၀၁၁ ခုနှစ် ၎င်းဥက္ကဌတာဝန်စတင်ထမ်းဆောင်ချိန် ၌ကော်မရှင်ဖွဲ့စည်းပုံပြန် လည်ပြင်ဆင် ခဲ့သည်ဟု ဦးတင်အေး ကပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီးရွှေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးအောင်မြင့်က "အဲ့လိုထပ်ခန့်ရင်တော့ ကောင်းတာပေါ့၊ ကျွန်တော်တို့ ဧရာဝတီတိုင်းမှာ ဦးစီးအရာရှိ ၃၃ ဦးထားရမှာ ၁၂ ဦးဘဲရှိတယ်။ လူတော်တော်လိုနေတယ်။" ဟု မဇ္ဈိမသို့ ပြောသည်။

ဧရာဝတီတိုင်းအတွင်း ခရိုင် ၆ ခုနှင့် မြို့နယ် ၂၆ ခုတွင် ကော်မရှင်များ ဖွင့်ထားခြင်းဖြစ်ပြီး အောက်တန်းစာရေး ၉ ဦးခန့်ရန်ပင် စာတင်ထားသည်မှာ (၈) လ ကျော်ကြာလာသော်လည်း အကြောင်း မပြန်သေးကြောင်း ဦးအောင်မြင့်က ဆက်ပြောသည်။

ဝန်ထမ်းနည်းသောကြောင့် အခြားဌာနများသို့ အကူအညီတောင်းလုပ်ဆောင်နေရပြီး အမှားအယွင်းဖြစ်ပါက ပါတီများ၏ အပြောအဆိုခံရသည်ဟုဆိုသည်။

ဒုဦးစီးမှူးအား ကော်မရှင်က တိုက်ရိုက်ခန့်အပ်မရခြင်း၊ ဝန်ကြီးဌာနများကလည်းပေးခွင့်မရှိခြင်းတို့ ကြောင့်အပြင်မှခေါ်ယူရန် သတင်းစာများတွင် ကြေညာထားသည်ဟု ဦးတင်အေးက ပြောသည်။

ဝန်ထမ်းမလောက်ငှ၍ အခြားဝန်ကြီးဌာနများမှ ပိုလျှံဝန်ထမ်းများအားခေါ်ယူခဲ့ရာ တပ်မတော်မှ အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးမှာ စက်မှုဝန်ကြီးဌာနမှ ဖြစ်သည်ဟုဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required