အီဘာနှင့်ပွဲမှာ (၄)ဂိုးသွင်းယူတဲ့ မက်ဆီ နူးကမ့်မှာ (၁၃)နှစ်အတွင်း (၃၀၁)ဂိုးပြည့်မြောက်ပြီဖြစ်

အီဘာနှင့်ပွဲမှာ (၄)ဂိုးသွင်းယူတဲ့ မက်ဆီ နူးကမ့်မှာ (၁၃)နှစ်အတွင်း (၃၀၁)ဂိုးပြည့်မြောက်ပြီဖြစ်

မက်ဆီဟာ အင်္ဂါနေ့က လာလီဂါပွဲစဉ်အဖြစ် အီဘာနဲ့ ပွဲစဉ်မှာ (၄)ဂိုး သွင်းယူခဲ့ပြီး ဘာစီလိုနာအသင်းမှာလည်း ဒီရာသီ ရာနှုန်းပြည့် နိုင်ပွဲကို ဆက်ထိန်းသိမ်းထားပါတယ်။

ဘာစီလိုနာအသင်းက အီဘာကို ၆-၁ ဂိုးနဲ့ နိုင်တဲ့ပွဲမှာ မက်ဆီက အဖွင့်ဂိုးကို ပင်နယ်တီမှ တစ်ဆင့် ပွဲချိန် ၂၀ မိနစ် သွင်းယူခဲ့ပြီး ပွဲချိန် ၅၉၊ ၆၂ မိန်စနှင့် ၈၇ မိနစ်တို့မှာ ၃ ဂိုးဆက် သွင်းယူခဲ့ပြီး ကျန်ဂိုးနှစ်ဂိုးကိုတော့ ပေါ်လင်ဟို ၃၈ မိနစ်နှင့် ဒန်နီစ် ဆွာရက်ဇ် ၅၃ မိနစ်တို့က သွင်းခဲ့ပါတယ်။

ဒီပွဲမှာ ၄ ဂိုးသွင်းယူသွားတဲ့ အာဂျင်တီးနားတိုက်စစ်မှူးဟာ လာလီဂါ ၄ ပွဲ ကစားရာမှာ ၉ ဂိုးအထိ သွင်းယူခဲ့ပြီး နူးကမ့်မှာ ၁၃ နှစ်အတွင်း စုစုပေါင်း သွင်းဂိုး ၃၀၁ ဂိုး သွင်းယူခဲ့ပါတယ်။ ဒါ့အပြင် မက်ဆီဟာ ဒီရာသီအတွက် ပြိုင်ပွဲစုံမှာ ၁၂ ဂိုးအထိ သွင်းယူထားပါတယ်။

ဘာစီလိုနာဟာ ယခုအနိုင်ပွဲကြောင့် လာလီဂါအမှတ်ပေးဇယား ထိပ်ဆုံးမှာ ရမှတ် ၁၅ မှတ်နဲ့ ဦးဆောင်နေပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required