ရီးယဲလ်မက်ဒရစ်နှင့် စာချုပ်သစ်ချုပ်ဆိုခဲ့တဲ့ နည်းပြ ဇီဒန်း

ရီးယဲလ်မက်ဒရစ်နှင့် စာချုပ်သစ်ချုပ်ဆိုခဲ့တဲ့ နည်းပြ ဇီဒန်း
(ဓာတ်ပုံ - အီးပီအေ)

ရီးယဲလ်နည်းပြ ဇီဒန်းက သူ့ရဲ့ စာချုပ်သစ်ကို တရားဝင်အခမ်းအနားဖြင့် ထုတ်ပြန်ကြေညာခြင်း မရှိခဲ့ပေမယ့် သူဟာ အသင်းနှင့်အတူ စာချုပ်သစ်တစ်ရပ် ထပ်မံချုပ်ဆိုခဲ့ပြီးဖြစ်ကြောင်း အင်္ဂါနေ့က အတည်ပြုပြောကြားခဲ့ပါတယ်။

ဇီဒန်းဟာ ၂၀၁၆ ခုနှစ်က ရီးယဲလ်အသင်းမှာ နည်းပြရာထူးကို ရယူခဲ့ပြီးနောက်ပိုင်း စပိန်ကလပ်အသင်းဟာ ချန်ပီယံလိဂ်ဖလား နှစ်လုံးနှင့် လာလီဂါဖလား တစ်လုံးအပါအဝင် ဖလား (၇)လုံးအထိ ဆွတ်ခူးအောင်မြင်ခဲ့ပါတယ်။

"ကျနော် အဆင်ပြေနေပါတ်။ စာချုပ်သက်တမ်းတိုးကိစ္စကလည်း အပြီးသတ်နိုင်ခဲ့ပါပြီ။ ဒါပေမယ့် အဲဒါက သိပ်ပြီး အရေးကြီးတာ မဟုတ်ပါဘူး။ ကျနော်က အလုပ်တွေကို တစ်နေ့ပြီး တစ်နေ့ လုပ်ဆောင်သွားဖို့ ဂရုစိုက်ပါတယ်။ ဒီထက်ပိုပြီး အဝေးကြီးကို ကြည့်မနေပါဘူး။"လို့ ဇီဒန်းက ဘက်တစ်နှင့် ကစားရမယ့် လာလီဂါပွဲစဉ်အတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဇီဒန်းက ၎င်းရဲ့ သက်တမ်းတိုး စာချုပ်ကို လက်မှတ်ရေးထိုးခြင်း မရှိဘဲ သဘောတူညီမှု ရရှိကြောင်း အတည်ပြုပြောဆိုခဲ့တာဟာ ဒါဟာ ပထမဆုံးအကြိမ် ပြောဆိုခဲ့ခြင်း မဟုတ်ပါဘူး။

သြဂုတ်လတုန်းက ဇီဒန်းက သုံးနှစ်စာချုပ်အတွက် သဘောတူညီမှု ရရှိခဲ့ပေမယ့် လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ခြင်း မရှိခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းဟာ မာဆယ်လို၊ အစ္စကိုနှင့် ကာဗာဟယ်တို့ရဲ့ စာချုပ်တွေကို သက်တမ်းတိုးနိုင်ခဲ့ပြီးဖြစ်ပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required