လိင်ဆွဲဆောင်မှုနဲ့ စိတ်ဝင်စားမှု

လိင်ဆွဲဆောင်မှုနဲ့ စိတ်ဝင်စားမှု

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. K Zin Thwe.

ဆယ်ကျော်သက်အရွယ်မှာ အပြောင်းအလဲတွေဖြစ်တတ်ပါတယ်။ ပျိုဖော်ဝင်ချိန်မှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုတွေနဲ့အတူ လိင်ဆွဲဆောင်မှုနဲ့ စိတ်ဝင်စားမှုတွေ သိသာလာပါတယ်။

အခုခေတ်လူ့အဖွဲ့အစည်းမှာတော့ သူ သို့မဟုတ် သူမရဲ့ လိင်အမျိုးအစားကို မေးခွန်းထုတ်ရတယ်ဆိုတာ မဆန်းတော့ပါဘူး။

လိင်စိတ်ဝင်စားမှု

လိင်စိတ်ဝင်စားမှုဆိုတာ တခြားသူတစ်ယောက်ကို ဆွဲဆောင်မှုရှိတယ်လို့ခံစားရတဲ့ လူတစ်ယောက်ရဲ့ ဖြစ်တတ်တဲ့ သဘာဝဖြစ်ပါတယ်။ လိင်စိတ်ဝင်စားမှု အမျိုးအစားတချို့ရှိပါ တယ်။

ဆန့်ကျင်ဘက်လိင်ကိုစိတ်ဝင်စားခြင်း (Heterosexual)

ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားသူတွေကို Heterosexual လို့ ခေါ်ပါတယ်။ ဥပမာ- အမျိုးသမီးတွေကို အမျိုးသားတွေက စိတ်ဝင်စားတာ၊ အပြန်အလှန်စိတ်ဝင်စားတာဖြစ်ပါတယ်။

လိင်တူချင်းစိတ်ဝင်စားမှု  (Homosexual)

ဆန့်ကျင်ဖက်လိင်ကို စိတ်ဝင်စားခြင်း နဲ့မတူဘဲ လိင်တူချင်း လိင်မှုရေးရာ စိတ်ဝင်စားတာမျိုးလည်း ရှိတတ်ပါတယ်။ ဒီလိုလူတွေကို အမျိုးသားမှာရော၊ အမျိုးသမီးမှာပါ ဂေး(Gay) လို့ သတ်မှတ်ကြ ပြီး အမျိုးသမီးတွေကိုတော့ လက်စ်ဘီရန် (lesbian) လို့ သတ်မှတ်ပါတယ်။

နှစ်မျိုးလုံးစိတ်ဝင်စားခြင်း (Bisexual)

လိင်အမျိုးအစားနှစ်ခုလုံးကို စိတ်ခံစားချက်အရရော လိင်ကိစ္စမှာပါ စိတ်ဝင်စားတဲ့သူဟာ Bisexual တစ်ဦးဖြစ်ပါတယ်။

လိင်စိတ်မရှိခြင်း(Asexual)

လူတစ်ယောက်ဟာ တခြားသူတွေနဲ့အတူ အချိန်ကုန်ဆုံးရတာ နှစ်သက်ပြီး ချစ်ရတဲ့သူလည်း ရှိတတ်ပါလျက်နဲ့ လိင်ကိစ္စ ဆက်ဆံရေးကို မလိုလားသူဟာ Asexual ဖြစ်ပါတယ်။

တခါတရံမှာ လူတွေက လိင်ပြောင်းလဲသူ (transgender) တွေကို လိင်စိတ်ဝင်စားမှုကြောင့် ပြောင်းလဲခြင်းအဖြစ် မှားတတ်ကြပါတယ်။ မတူပါဘူး။ လိင်ပြောင်းလဲသူတွေဟာ သူတို့ကို သူတို့ မှားယွင်နေတဲ့ ခန္ဓာကိုယ်၊ လိင် ထဲရောက်နေတယ်လို့ ခံစားနေရတဲ့ သူတွေပါ။

ဥပမာ- အမျိုးသားခန္ဓာကိုယ်နဲ့လူတစ်ယောက်ဟာ အမျိုးသမီးခန္ဓာကိုယ် ရှိ သင့်တယ်လို့ ခံစားနေရတဲ့အတွက် အမျိုးသမီးတစ်ယောက်နဲ့ အတတ်နိုင်ဆုံးတူအောင် ရင်သားအစားထိုးခွဲစိတ်မှုတို့လို ခွဲစိတ်မှုတွေခံယူလာပါတယ်။ မကြာသေးမီနှစ်တွေအတွင်းမှာ ဂေး၊ လက်စ်ဘီရန် နဲ့ လိင်ပြောင်းလဲသူ(transgender) တို့ရဲ့ အတိုကောက်စာလုံးတွေပေါင်းပြီး LGBT အဖြစ် လူ့အဖွဲ့အစည်းတစ်ရပ် ဖန်တီးခဲ့ပါတယ်။

ဆယ်ကျော်သက် LGBT တွေအတွက် အခက်အခဲ

ဆေးပညာရှင်အများစုလက်ခံယုံကြည်ထားသလိုပဲ လိင်အမျိုးအစား တစ်ခုနဲ့မွေးဖွားလာခဲ့တာဖြစ်ပေမယ့် လိင်စိတ်ဝင်စားမှုကိုတော့ ရွေးချယ်လို့မရနိုင်ခဲ့ပါဘူး။ ဇီဝဗေဒ၊ ပတ်ဝန်းကျင်၊ စိတ်ပညာ၊မျိုးဗီဇနဲ့ဟော်မုန်းတို့က လိင်စိတ်ဝင်စားမှုအပိုင်းမှာ အဓိကနေရာက ပါဝင်နေပါတယ်။

ဒါပေမယ့် ရှေးခေတ်မှာကတည်းက လူတွေဟာ အမျိုးသားဆိုတာ အမျိုးသမီးကိုပဲလက်ထပ်သင့်တယ်ဆိုတဲ့ လူသားတွေရဲ့ချစ်ခင်စုံမက်မှုသဘာဝနည်းလမ်းကို လေးလေးနက်နက်ယုံကြည်ခဲ့ကြပါတယ်။ ဒါ့ကြောင့် LGBT တွေ အထူးသဖြင့် မြီးကောင်ပေါက်အရွယ်မှာ ထိခိုက်ခဲ့ရတဲ့သူတွေ ဟာ ကိုယ့်ဘဘော သဘာဝအစစ်နဲ့နေထိုင်မိတဲ့အခါ အခက်အခဲတွေနဲ့ရင်ဆိုင်ကြရပါတယ်။

၎င်းတို့ရဲ့ကွာခြားချက် တွေနဲ့ ၎င်းတို့ကို အတေ်ာများများကလက်မခံကြဘူးဆိုတဲ့ အချက်ကြောင့် ကိုယ့်အခြေအနေကို ဖုံးကွယ်ထားလေ့ရှိကြပြီး LGBT ရဲ့ပုံစံအစစ်အမှန် ပေါ်သွားရင် မိသားစုနဲ့သူငယ်ချင်း မိတ်ဆွေတွေက ပစ်ပယ်မှာကိုကြောက်နေကြပါတယ်။

ဒါ့ကြောင့်ပဲ သူတို့မှာ စိုးရိမ်စိတ်တွေနဲ့ စိတ်ကျဝေဒနာဖြစ်နိုင်ခြေ များပါတယ်။ မိသားစုနဲ့မိတ်ဆွေတွေဆီက ထိုက်သင့်သလောက် အားပေးသမှုမရတဲ့ ဆယ်ကျော်သက်တွေဟာ ကျောင်းထွက်ရဖို့၊ လမ်းပေါ်ရောက်သွားဖို့၊ အရက်နဲ့မူးယစ်ဆေးဝါးရဲ့ သားကောင်ဖြစ်သွားဖို့ အလားအလာပိုများနိုင်ပြီး အဆုံးစီရင်တဲ့ အထိတောင်ဖြစ်စေနိုင်ပါတယ်။

ယနေ့ခေတ်လူ့အဖွဲ့အစည်းကတော့ LGBT တွေကို ပိုပြီးလက်ခံ လာကြပါပြီ။ LGBT အဖြစ်ပေါ်ထွက်လာသူတွေလည်း များသည်ထက်များလာတာကြောင့် ဆယ်ကျော်သက်တွေ စိတ်သက်သာရာရစေမှာပါ။

ပညာရှင်တွေရော၊ လူငယ်တွေကပါ LGBT တွေကို အခက်အခဲကူညီဖြေရှင်းပေးနေပြီဖြစ်ပါတယ်။ အခုတော့ လူတွေဟာ အမှောင်ထဲမှာပုန်းကွယ်နေဖို့ကို ရွေးစရာမလိုကြတော့တာကြောင့် ကိုယ့်ကိုယ်ကိုယ်လွတ်လွတ်လပ်လပ် ဖော်ပြနိုင်ပြီဖြစ်ပါတယ်။ ကိုယ်က ဘာလိင်အမျိုးအစားဖြစ်နေပါစေ ကိုယ့်ရဲ့လိင်အမျိုးအစားရပ်တည်ချက်ကို မေးခွန်းရှိနေမှာ ပုံမှန်ပါပဲ။

ဆယ်ကျော်သက်တွေအနေနဲ့ ကိုယ့်ပြဿနာတွေကို တစ်ယောက်တည်းဖြေရှင်းနေတာထက် ယုံကြည်ရပြီး ဗဟုသုတရှိတဲ့အရွယ်ရောက်ပြီးသူတွေဆီက အကူအညီရယူဖို့လိုအပ်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello Sayarwon မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly