ဘင်္ဂလားဒေ့ရှ်ရောက် ကိုယ်ဝန်သည်ဒုက္ခသည်များအား ကူညီပေးရေး ကုလသမဂ္ဂက ရန်ပုံငွေတောင်းခံ

ဘင်္ဂလားဒေ့ရှ်ရောက် ကိုယ်ဝန်သည်ဒုက္ခသည်များအား ကူညီပေးရေး ကုလသမဂ္ဂက ရန်ပုံငွေတောင်းခံ
Photo-UNFPA

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များအပေါ် ကျုးလွန်သော လိင်အခြေခံအကြမ်းဖက်မှုများမှ ကာကွယ်ပေးရေးနှင့် မျိုးဆက်ပွားကျန်းမာရေးစောင့်ရှောက်မှုများအတွက် ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ UNFPA က အမေရိကန်ဒေါ်လာ ၁၃ သန်း တောင်းခံလျက် ရှိသည်။

ကိုယ်ဝန်သည်များ၊ မီးဖွားစမိခင်များနှင့် မွေးကင်းစကလေးငယ်များ၏ လိုအပ်ချက်များအပြင် လိင်အကြမ်းဖက်ခံများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး အဆိုပါ ကုလသမဂ္ဂအေဂျင်စီက ဝမ်းဆွဲသည် ဒါဇင်များစွာကို ဖြန့်ကြက်ထားရှိပေးထားသည်။

"အရေးပေါ်အခြေအနေကာလကြောင့် အမျိုးသမီးတွေဟာ ကိုယ်ဝန်တားဆီးတာ၊ ကလေးမရအောင်တို့ကို မလုပ်နိုင်ကြဘူး ဖြစ်ရတာပါပဲ။"ဟု ဘင်္ဂလားဒေ့ရှ်က UNFPA ယာယီတာဝန်ခံ အိုင်အိုရီကာတိုက ပြောသည်။

ဘင်္ဂလားဒေ့ရှ်ဖက်သို့ ရောက်ရှိလာသူ ဒုက္ခသည်ပေါင်း ၃၇၀၀၀၀ ခန့်ရှိရာတွင် သုံးပုံနှစ်ပုံ(၆၇ ရာခိုင်နှုန်း)မှာ အမျိုးသမီးများနှင့် မိန်းကလေးများ ဖြစ်ပြီး ၁၃ ရာခိုင်နှုန်းမှာ ကိုယ်ဝန်သည်နှင့်   နို့တိုက်မိခင်များ ဖြစ်ကြောင်း UNFPA က ခန့်မှန်းထားသည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ကြား မြေနေရာတွင် မွေးဖွားသည့် ကလေးငယ် ၄၀၀ ကျော် ရှိသည်။

အဆိုပါ အေဂျင်စီအနေဖြင့် ကလေးမီးဖွားရာ အသုံးအဆောင်များ၊ အမျိုးသမီးများနှင့် မိန်းကလေးများအတွက် အမျိုးသမီးအသုံးအဆောင်များ၊ တစ်ကိုယ်ရည်သုံးပစ္စည်းများ စသည်ဖြင့်   ပေးဝေဖြန့်ဖြူးထားသည်။

"ဒီ လိုအပ်ချက်တွေက တိုးသထက်များပြားလာနေတယ်။"ဟု ကာတိုက ပြောသည်။

သြဂုတ်လကုန်လောက်တွင် အကြမ်းဖက်သမားများ အစိုးရတပ်ဖွဲ့များကို လာရောက်တိုက်လိုက်ရာမှ အစိုးရလုံခြုံရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာကို လူသားချင်းစာနာမှုအကူအညီများပေးခြင်းအတွက် ထပ်တိုး ပေါင် သုံးသန်း ကူညီပေးအပ်မည်ဖြစ်ကြောင်း ဥရောပကော်မရှင်က ပြီးခဲ့သည့် သီတင်းပတ်က ကြေညာသည်။ ဗြိတိန်နိုင်ငံကလည်း ဒုက္ခသည်များ အကူအညီအတွက် ပေါင် ၂၅ သန်း ကူညီရန် ကတိပြုသည်။

"နိုင်ငံတကာအဖွဲ့အစည်းနဲ့အတူ မြန်မာနိုင်ငံတွင်း နေထိုင်သူအားလုံးအား ကာကွယ်ပေးရေးကို အာဏာပိုင်များက အာမခံရန် တိုက်တွန်းကြောင်း။" ကမ္ဘာ့ဘဏ်ကလည်း ပြီးခဲ့သည့်အပတ်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required