မြောက်ကိုရီးယားရန်ကြောင့် နိုင်ငံမြောက်ပိုင်း ဟော့ကိုင်းဒိုးကျွန်းမှာ ဒုံးကျည်ကာကွယ်ရေးစနစ် ဂျပန် တပ်ဆင်

By AFP
19 September 2017
မြောက်ကိုရီးယားရန်ကြောင့် နိုင်ငံမြောက်ပိုင်း ဟော့ကိုင်းဒိုးကျွန်းမှာ ဒုံးကျည်ကာကွယ်ရေးစနစ် ဂျပန် တပ်ဆင်

 

စက်တင်ဘာ ၁၉ ။              ။ နိုင်ငံမြောက်ပိုင်း ဟော့ကိုင်းဒိုးကျွန်းပေါ်မှာ နောက်ထပ် ဒုံးကျည်ကာကွယ်ရေးစနစ်တစ်ခု ဂျပန်တို့ စက်တင်ဘာ ၁၉ ရက်က ထပ်မံတပ်ဆင်ဖြန့်ကျက်ခဲ့ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ကာလတွေတုန်းက မြောက်ကိုရီးယားတို့ ပစ်လွှတ်ခဲ့တဲ့ ပဲ့ထိန်းဒုံးကျည် နှစ်စင်းထိ ယင်း ဟော့ကိုင်းဒိုးကျွန်းပေါ်ကနေ ဖြတ် ပျံသန်းသွားခဲ့ပြီး ယခုအခါ ထပ်မံကြုံတွေ့လာနိုင်တဲ့ အန္တရာယ်ကို ကာကွယ်နိုင်ဖို့အတွက် ယခုလို ဒုံးကျည်ကာကွယ်ရေးစနစ်တစ်ခုကို ဂျပန်တို့ ထပ်မံအားဖြည့် တပ်ဆင်လိုက်တာဖြစ်ပါတယ်။

" အရေးပေါ် အခြေအနေတွေမှာ အသင့် ရှိနေစေဖို့ ရည်ရွယ်ပြီး PAC-3 unit ဒုံးကျည်စနစ်တစ်ခုကို ဒီကနေ့မှာပဲ ဖြန့်ကျက်တပ်ဆင်လိုက်ပါပြီ၊ ဟော့ကိုင်းဒိုးကျွန်း တောင်ပိုင်းစွန်းမှာပါ" ဆိုပြီး ဂျပန် ကာကွယ်ရေးဝန်ကြီး Itsunori Onodera က ပြောပါတယ်။

ပြီးခဲ့တဲ့ကာလအနည်းငယ်အတွင်း မြောက်ကိုရီးယားတို့ဘက်က ခြောက်ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုနဲ့အတူ ဂျပန်ကို ကျော်ပြီး ဒုံးကျည်နှစ်စင်းအထိ ပစ်လွှတ်ခဲ့တဲ့နောက်ပိုင်း ကိုရီးယားကျွန်းဆွယ်ဒေသတွင်း တင်းမာမှုတွေ မြင့်တက်လာနေလျက်ရှိပါတယ်။

" မြောက်ကိုရီးယားတို့အနေနဲ့ နောက်ထပ် ကျူးကျော်ရန်လိုတဲ့ လုပ်ရပ်တွေ ထပ်လုပ်လာနိုင်ပါတယ်၊ နိုင်ငံကို ကျော်ပြီး နောက်ထပ် ဒုံးကျည်တွေ ထပ်ပစ်လာနိုင်တယ်၊ ဒါကြောင့် ပြည်သူတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် သင့်တော်တဲ့ လုပ်ဆောင်ချက်တွေ လုပ်နိုင်ဖို့ ခုလို လုပ်ဆောင်တာဖြစ်ပါတယ်" ဆိုပြီး Onodera က ပြောသွားပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required