ကမ္ဘာ့ဖလားခြေစစ်ပွဲ အတွက်မြန်မာအသင်း လူစာရင်း ၂၃ ဦးဖြင့် ယှဉ်ပြိုင်မည်

ကမ္ဘာ့ဖလားခြေစစ်ပွဲ အတွက်မြန်မာအသင်း လူစာရင်း ၂၃ ဦးဖြင့် ယှဉ်ပြိုင်မည်
ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် မြန်မာအသင်းနှင့် ကိုရီးယားအသင်းတို့ ယှဉ်ပြိုင်ကစားနေစဉ်။

သြဂုတ်လနှင့် စက်တင်ဘာလအတွင်း ယှဉ်ပြိုင်ကစားမည့် ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ် များအတွက် မြန်မာအသင်းကို ကစားသမား ၂၃ ဦးဖြင့် ဖွဲ့စည်းပြီး ယှဉ်ပြိုင်ရန် နည်းပြချုပ် အေဗရာမို ဗစ်က စီစဉ်ထားသည်။

လက်ရှိအချိန်တွင် မြန်မာ့လက်ရွေးစင်အသင်းကို ပဏာမကစားသမား ၂၆ ဦးဖြင့် ဖွဲ့စည်းထား ပြီး သြဂုတ်လ ၁၇ ရက်တွင် စတင်လေ့ကျင့်ရန် စီစဉ်ထားသည်။ “အေဗရာမိုဗစ်က ကမ္ဘာ့ဖလားခြေ စစ်ပွဲအတွက် ကစားသမား ၂၃ ဦးအထိ ရွေးမယ်လို့ ပြောပါတယ်။ လက်ရှိရွေးထားတဲ့ လူစာရင်းက သုံးယောက်ပဲ ချန်ခဲ့မှာပါ။ လေ့ကျင့်ရေး အစီအစဉ်က ခြေစွမ်းကို စောင့်ကြည့်ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

လူငယ်ကစားသမားတွေများလို့ ပွဲထွက်ခွင့်အတွက်တော့ အားလုံးကြိုးစားရမှာပါ”ဟု မြန်မာ့လက် ရွေးစင်အသင်း လက်ထောက်နည်းပြ ဦးကြည်လွင်က ပြောသည်။

မြန်မာအသင်းမှာ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် စက်တင်ဘာ ၃ ရက်တွင် ကူဝိတ်အသင်း၊ အောက်တိုဘာ ၈ ရက်တွင် လက်ဘနွန်အသင်းများနှင့် ကစားရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly