ကိုရီးယားကျွန်းဆွယ်တွင် အမေရိကန်က တိုက်လေယာဉ်များ၊ ဗုံးကြဲလေယာဉ်များဖြင့် စစ်ရေးလေ့ကျင့်

ကိုရီးယားကျွန်းဆွယ်တွင် အမေရိကန်က တိုက်လေယာဉ်များ၊ ဗုံးကြဲလေယာဉ်များဖြင့် စစ်ရေးလေ့ကျင့်

 

ဆိုးလ်၊ စက်တင်ဘာ ၁၈ ။         ။ စက်တင်ဘာ ၁၅ ရက်က မြောက်ကိုရီးယား၏ တာလတ်ပစ်ဒုံးကျည် ပစ်လွှတ်လိုက်ခြင်းကို တုံ့ပြန်သည့်အနေဖြင့် ကိုရီးယားကျွန်းဆွယ်တွင် အမေရိကန်က USF-35B တိုက်လေယာဉ်လေးစင်းနှင့် USB-1B မဟာဗျူဟာဗုံးကြဲလေယာဉ်နှစ်စင်းတို့ဖြင့် ဗုံးသဏ္ဍာန်တု စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်သည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် တောင်ကိုရီးယားမှ F-15K တိုက်လေယာဉ်များလည်း ပါဝင်ကြောင်း ဆိုးလ် အစိုးရသတင်းရင်းမြစ်က ပြောသည်ဟု ယွန်ဟတ်သတင်းတွင် ဖော်ပြသည်။

ယခု စစ်ရေးလေ့ကျင့်မှုသည် ပြုံယမ်းက မိုင် ၂၂၉၉ မိုင်ကို ပျံသန်းသော တာလတ်ပစ်ဒုံးကျည်တစ်စင်းကို ဂျပန်ကို ဖြတ်ကျော်ပြီး ပင်လယ်တွင်းသို့ ပစ်လွှတ်လိုက်ပြီး သုံးရက်အကြာတွင်   လေ့ကျင့်လာခြင်းပဲ ဖြစ်သည်။

အဆိုပါ ဒုံးကျည်ပစ်လွှတ်မှုသည် မြောက်ကိုရီးယားနိုင်ငံ၏ စက်တင်ဘာ ၁ ရက်နောက်ပိုင်း ပထမဆုံး ပစ်လွှတ်မှုလည်းဖြစ်သည်။ ပြုံယမ်းအနေဖြင့် တိုက်ချင်းပစ်ပဲ့ထိန်းဒုံးတွင် ဟိုင်ဒရိုဂျင်ဗုံး တင်ဆောင်ကာ ဖောက်ခွဲပစ်လွှတ်နိုင်စွမ်းပြီဟုလည်း ကြေညာထားသည်။

အမေရိကန်သည် သြဂုတ် ၃၁ ရက်က စပြီး ကိုရီးယားကျွန်းဆွယ်သို့ F-35 B တိုက်လေယာဉ်လေးစင်းနှင့် B-1B ဗုံးကြဲလေယာဉ်နှစ်စင်းကို ပေးပို့ထားခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required