တရုတ်နိုင်ငံ ရုပ်ရှင်ထူးချွန်ဆုပေးပွဲ၌ Operation Mekong ဇာတ်ကားက အကောင်းဆုံးရုပ်ရှင်ဆု ဆွတ်ခူး

တရုတ်နိုင်ငံ ရုပ်ရှင်ထူးချွန်ဆုပေးပွဲ၌ Operation Mekong ဇာတ်ကားက အကောင်းဆုံးရုပ်ရှင်ဆု ဆွတ်ခူး

 

တရုတ်နိုင်ငံတွင် နှစ်စဉ်ကျင်းပနေကြဖြစ်သော ရွှေကြက်ဖနှင့်ပန်းတစ်ရာ ရုပ်ရှင်ထူးချွန်ဆုပေးပွဲ၌ မျိုးချစ် စိတ်ဓာတ်ကို ဖော်ကျူးသော တရုတ်အက်ရှင်ဇာတ်ကား “Operation Mekong” က အကောင်းဆုံးရုပ်ရှင်ဆုကို ဆွတ်ခူးရရှိခဲ့သည်။

ဒါ့အပြင် “I am not Madame Bovary” ဇာတ်ကားကလည်း ထူးချွန်ဆု ၃ ဆုရရှိခဲ့ပြီး ထိုကား၏ ခေါင်းဆောင် မင်းသမီး ဖန်ဘင်းဘင်းနှင့် ဒါရိုက်တာဖန်ရှောင်ဂန်းတို့က ဆုများအသီးသီး ဆွတ်ခူးခဲ့ကြကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။

ရွှေကြက်ဖနှင့်ပန်းတစ်ရာ ရုပ်ရှင်ထူးချွန်ဆုပေးပွဲသည် တရုတ်နိုင်ငံ၏ ဂုဏ်သိက္ခာအကြီးမားဆုံးနှင့် သက်တမ်း အရှည်ဆုံး ရုပ်ရှင်ဆုပေးပွဲတစ်ခုဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း နေရာပြောင်း၍ ကျင်းပလေ့ရှိသည်။ ယခုနှစ်ဆုပေးပွဲကို မွန်ဂိုလီးယားဒေသအတွင်းရှိ ဟိုဟော့မြို့၌ ကျင်းပခဲ့သည်။

ဇာတ်ဆောင်မင်းသားဆုကို Deng Chao က “Dead End” ရုပ်ရှင်နှင့် ဆွတ်ခူးခဲ့ပြီး အကောင်းဆုံး ဇာတ်ပို့မင်း သမီးဆုကို ဝူရန်ရှုက “Relocat” ရုပ်ရှင်တွင် ပါဝင်သော သူမ၏ဇာတ်ရုပ်အတွက် ဆွတ်ခူးရရှိခဲ့သည်။ယခုနှစ်၏ အကောင်းဆုံး ဇာတ်ပို့မင်းသားဆုကို “Saving Mr.Wu” ရုပ်ရှင်မှ Wang Qianyuan နှင့် “Madame Bovary” ရုပ်ရှင်မှ Yu Hewei တို့က ပူးတွဲရရှိခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required