ပီလောပီနံစိုက်ပျိုးရေး အပိုင်း (၃)

18 September 2017
ပီလောပီနံစိုက်ပျိုးရေး အပိုင်း (၃)

                           

စိုက်ပျိုးပြီး ၈လမှ ၁၀ လအကြာမှာအပင်တွေက ၆ပေခန့်မြင့်လာပြီး ဥများကို တူးဖော်ပေးရမှာပဲ ဖြစ်ပါတယ်။

အပင်အရွက်များ ဝါလာတဲ့အချိန်မှာတော့ ဥများဟာ ရင့်လာတာဖြစ်တဲ့အတွက် တူးဖော်ပေးရမှာလဲဖြစ်ပါတယ်။

စိုက်ပျိုးမြေပွရင်တော့ ဥထိုးလွယ်ပြီး ဥကြီးပြီးဥဖော်တဲ့အခါမှာလည်း လွယ်ကူပါတယ်။ ဥများကိုရောင်းချရာမှာတော့ ဥများကို ခြံပုံစနစ်နဲ့ရောင်းကြတာပါ။

ကလောပင်မှာကတော့ ထွေထွေထူးထူးကျရောက်တက်တဲ့ ရောဂါမရှိပါဘူး။

တစ်ခါတစ်ရံမှိုရောဂါကျရောက်တက်ပါတယ်။

ကလောပင်ကိုတော့ စိုက်ပျိုးတဲ့အချိန်ကနေ ဥများတူးဖော်သည်အထိ မြေသြဇာ ၃ ကြိမ်  ကွျှေးရန် လိုအပ်ပါတယ်။

ဥထွက်နှုန်းကတော့ ပြုစုတဲ့အပေါ်မှာမူတည်ပြီး ဘောင်တစ်ပုံကို ၆ပိဿာ၅၀ကျပ်သား မှ ၈ပိဿာအထိ ထွက်ရှိပါတယ်။

အပိုင်း(၁) အားကြည့်နိုင်ပါသည်-http://www.mizzimaburmese.com/article/31885

အပိုင်း (၂) အားကြည့်နိုင်ပါသည်- http://mizzimaburmese.com/article/32082

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly