တွဲကားတစ်စီး လမ်းပြောင်းပြန်ကျော်တက်စဉ် တိမ်းမှောက်

တွဲကားတစ်စီး လမ်းပြောင်းပြန်ကျော်တက်စဉ် တိမ်းမှောက်
ဓာတ်ပုံ-ကိုထင်လင်းအောင်
 

ရန်ကုန်၊ စက်တင်ဘာလ ၁၈ ။            ။ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ဒညင်းကုန်းလမ်းမကြီး၊ မင်္ဂလာဒုံပန်းခြံအကျော်တွင် ယမန်နေ့က ပဲအိတ်များ အပြည့်တင်ဆောင်လာသော တွဲကားတစ်စီး လမ်းပြောင်းပြန်ကျော်တက်စဉ် တိမ်းမှောက်သွားခဲ့သည်။

အဆိုပါ တိမ်းမှောက်သွားသည့် တွဲကားမှာ ရွှေပြည်သာမြို့နယ်ဘက်မှ မောင်းနှင်လာခြင်းဖြစ်ပြီး မင်္ဂလာဒုံပန်း ခြံအကျော်တွင် လမ်းပြောင်းပြန်ကျော်တက်စဉ် တစ်ဖက်ယာဉ်ကြောမှ မောင်းနှင်လာသော ဟွန်ဒါဖစ် ကား လေးအား  တိမ်းရှောင်ရာမှ ဘေးဘက်သို့ ပွတ်တိုက်မိပြီး တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း  ပုလဲမြို့သစ်အရန် မီးသတ်တပ်ဖွဲ့မှ စခန်း မှူး ကိုထင်လင်းအောင်က မဇ္ဈိမသို့ ပြောသည်။

“ တွဲကားပေါ်မှာပါလာတဲ့ ယာဉ်မောင်းရယ်၊ စပယ်ယာရယ် ပွန်းပဲ့ဒဏ်ရာတွေရတယ်။ ဟွန်ဒါဖစ်ကား ပေါ်မှာ တော့ လူ ၅ ဦးပါလာတယ်။ ၃ ယောက်ပွန်းပဲ့ဒဏ်ရာတွေရတယ်။ ထိခိုက်ဒဏ်ရာ ပြင်းထန်တာတော့ မရှိဘူးဗျ။ ဒဏ်ရာရတဲ့ သူတွေကို ကျွန်တော်တို့ ဆေးထည့်ပေးခဲ့တယ်။ ဆေးရုံပို့ပေးရမလားမေးတော့ သူတို့က မသွားဘူး လို့ပြောတယ်။ မှောက်သွားတဲ့ ပဲကားက အတွဲအရှည်ကြီး။ ဘီး ၂ဝ လောက်ကျော်တယ်။ ပွတ်တိုက်ခံရတဲ့ ကား လေးကတော့ ဘေးတစ်ဖက် စုတ်ပြတ်သွားတယ်”ဟု ကိုထင်လင်းအောင်က ပြောသည်။

ထိုသို့ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့သဖြင့် ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပွားခဲ့ပြီး ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်၂ဝ ဦး၊ ဒညင်းကုန်းအရန်မီးတပ်သတ်ဖွဲ့ဝင် ၆ ဦး ၊ရွှေပြည်သာအရန်မီးသတ်တပ်ဖွဲ့ဝင် ၄ ဦး၊ ရွှေပြည် သာ မီးသတ်စခန်းမှ သန္ဓေတပ်ဖွဲ့ဝင် ၅ ဦး၊ တပ်မတော်၊ ယာဉ်ထိန်း၊ ကြက်ခြေနီနှင့် တာဝန်သိပြည်သူများက ပဲအိတ်များအား ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required