တံကောက်ကြောဒဏ်ရာကြောင့် ဒမ်ဘီလီ (၃)လ နှင့် (၄)လကြား အနားယူဖွယ်ရှိ

တံကောက်ကြောဒဏ်ရာကြောင့် ဒမ်ဘီလီ (၃)လ နှင့် (၄)လကြား အနားယူဖွယ်ရှိ
(ဓာတ်ပုံ - အီးပီအေ)

ဘာစီလိုနာတိုက်စစ်မှူး အူစမာနီဒမ်ဘီလီဟာ ဂီတာဖေးနှင့် ကစားတဲ့ လာလီဂါပွဲစဉ်မှာ တံကောက်ကြော ဒဏ်ရာရရှိခဲ့ပြီး ၁၄ ပတ်နှင့် ၁၆ ပတ်ကြားထိ အနားယူရဖွယ်ရှိတယ်လို့ စပိန်ကလပ်အသင်းက တနင်္ဂနွေနေ့က ကြေညာခဲ့ပါတယ်။

ဘာစီလိုနာက ဂီတာဖေးကို ၂-၁ နဲ့ နိုင်တဲ့ စနေနေ့လာလီဂါပွဲစဉ်မှာ ဒမ်ဘီလီဟာ ပထမပိုင်းမပြီးခင်မှာတင် လူစားလဲခဲ့ရပြီး ဆေးစစ်မှုတွေအရ တံကောက်ကြောဆုတ်ပြဲသွားတယ်လို့ သိရပါတယ်။

ဒါကြောင့် ဘာစီလိုနာအနေနဲ့ စပိန်လူငယ်တောင်ပံကစားသမား ဒယ်လိုဖူကိုပဲ အစားထိုး သုံးရတော့မှာဖြစ်ပါတယ်။

ဘာစီလိုနာသမိုင်းတလျောက် ဈေးအကြီးဆုံးကစားသမား ဒမ်ဘီလီဟာ ယခုနှစ် နွေရာသီက ပီအက်စ်ဂျီအသင်းဆီ ယူရို ၂၂၂ သန်းနဲ့ ပြောင်းရွှေ့သွားတဲ့  နေမာရဲ့ နေရာကို အစားထိုးဖို့ ဒေါ့မွန်အသင်းမှ အပိုဆုကြေးအပါအဝင် ပြောင်းရွှေ့ကြေး ယူရို ၁၀၅ သန်းနှင့် စပိန်ကလပ်အသင်းဆီ ရောက်ရှိခဲ့တာဖြစ်ပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags