ဂြိုဟ်တုပုံရိပ်များအရ မြောက်ကိုရီးယားမှာ ယူရေနီယံကို အရှိန်အဟုန်မြှင့် ထုတ်လုပ် နေဖွယ်ရှိဟု ဆို

ဂြိုဟ်တုပုံရိပ်များအရ မြောက်ကိုရီးယားမှာ ယူရေနီယံကို အရှိန်အဟုန်မြှင့် ထုတ်လုပ် နေဖွယ်ရှိဟု ဆို
ဂြိုဟ်တုမှ ရိုက်ယူထားသည့် မြောက်ကိုရီးယား ယူရေနီယံစက်ရုံမြင်ကွင်း။ ဓာတ်ပုံ- ရိုက်တာ

ဂြိုဟ်တုပုံရိပ်များအရ မြောက်ကိုရီးယားမှာ ၎င်း၏ ယူရေနီယံ တူးဖော်ထုတ်လုပ်နိုင်စွမ်းကို အရှိန်အဟုန် မြှင့်တင်လျက်ရှိကြောင်း ဖော်ပြနေသည့်အတွက် ကင်ဂျုံအန်အစိုးရက ၎င်း၏ နျူကလီးယား လက်နက်တိုက်ကို ချဲ့ထွင်ရန် ကြိုးစားသလားဆိုသည့် သံသယများ ထွက်ပေါ်လာစေခဲ့သည်။

ဂြိုဟ်တုပုံရိပ်များအရ သန့်စင်သည့် ယူရေနီယံထုတ်လုပ်ရာတွင် ပထမဆုံးအဆင့်ဖြစ်သည့် ယူရေနီယံအရိုင်းမှ ယူရေနီယံအရော (yellow cake) အဖြစ်သို့ ပြောင်းလဲသည့် စက်ရုံကြီးတစ်ရုံကို မကြာသေးမီ ကပြန်လည်မွမ်းမံ ဆန်းသစ်နေသည်ကို ဖော်ပြနေသည်ဟု အရှေ့အာရှ နျူကလီးယား မပြန့်ပွားရေး အစီအစဉ်၏ ညွှန်ကြားရေးမှူး ဂျက်ဖရီ လီးဝစ်က ပြောကြားသည်။

''ပြုံယမ်းဟာ ယူရေနီယံအရောအနှော ထုတ်လုပ်မှုနှင့် ပတ်သက်တဲ့ စက်ရုံကြီးတစ်ရုံကို ခေတ်မီ ဆန်းသစ်နေပုံ ရပါတယ်''ဟု လီးဝစ်က အမေရိကန်-ကိုရီးယား အင်စတီကျုမှ ထူထောင်ထား သည့် ဝက်ဘ်ဆိုက် 38 North တွင် ရေးသားခဲ့သည်။

စက်ရုံကို  နိုင်ငံတောင်ပိုင်း တောင်ကိုရီးယားနှင့် နယ်စပ်အနီးရှိ ယူရေနီယံ သတ္တုတွင်းအနီး တွင် တည်ဆောက်ထားသည်ဟု ဆိုသည်။

''ဒီစက်ရုံကို မွမ်းမံဆန်းသစ်မှုက မြောက်ကိုရီးယားဟာ နျူကလီးယား လက်နက်တိုက်ကို ချဲ့ ထွင်ဖို့ လောင်စာအနေနဲ့ ယူရေနီယံ တော်တော်များများကို တူးဖော်ထုတ်လုပ်ဖို့ ရည်ရွယ်တယ်ဆိုတာ ကို ညွှန်ပြနေပါတယ်''ဟုလည်း လီးဝစ်က ရေးသားခဲ့သည်။

သို့ရာတွင် ယူရေနီယံလောင်စာကို လျှပ်စစ်ဓာတ်ထုတ်လုပ်သည့် ရေသွက်ဓာတ်ပေါင်းဖိုများ တွင်လည်း အသုံးပြုနိုင်သောကြောင့် မြောက်ကိုရီးယား၏ လျှပ်စစ်ဓာတ်အား စီမံကိန်းတစ်ခုလည်းဖြစ်နိုင် သည်ဟု လီးဝစ်က ထပ်လောင်း ပြောကြားသည်။

၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တတိယအကြိမ်မြောက် နျူကလီးယားစမ်းသပ်မှု အပြီးတွင် မြောက်ကိုရီးယားက ၎င်း၏ ၅ မဂ္ဂါဝပ် ပလူတိုနီယံထုတ်လုပ်သည့် ဓာတ်ပေါင်းဖိုကို ပြန်လည်တည် ဆောက် လည်ပတ်ခဲ့ပြီး ယူရေနီယံသန့်စင်သည့် စက်ရုံကိုလည်း နှစ်ဆ ထပ်မံတိုးချဲ့ခဲ့သည်။ ယူရေနီ ယံမှာ နျူကလီးယား ဓာတ်ပေါင်းဖိုများအတွက် မရှိမဖြစ် လောင်စာ ဖြစ်ပြီး နျူကလီးယား လက်နက်များ ထုတ်လုပ်ရန်လည်း သန့်စင်နိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required