မှန်ကန်တဲ့ ဆံသားထိန်းသိမ်းမှုပစ္စည်းတွေ ဘယ်လိုုရွေးချယ်ကြမလဲ

မှန်ကန်တဲ့ ဆံသားထိန်းသိမ်းမှုပစ္စည်းတွေ ဘယ်လိုုရွေးချယ်ကြမလဲ

ရေးသားသူ Phyu Mon Latt
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

ဆံပင်အတွက် ထုတ်ကုန်တွေဟာ သင့်ဆံပင် ကျန်းမာပျော့ပျောင်းရဲ့လားဆိုတာကို ဆုံးဖြတ်တဲ့နေရာမှာ အဓိကနေရာက ပါဝင်နေကြပါတယ်။ ဒီဆောင်းပါးမှာတော့ တစ်ယောက်ချင်းစီအတွက် ဘယ်လိုမှန်ကန်တဲ့ ထုတ်ကုန်တွေကို ရှာဖွေမလဲဆိုတာ ဖေါ်ပြသွားမှာဖြစ်ပါတယ်။

အဆီပြန်တဲ့ ဦးရေပြားအတွက် ဆံပင်ထုတ်ကုန်များ

အဆီပြန်တဲ့ ဦးရေပြားအတွက် ရေဓါတ်ဖြည့်ပေးတဲ့၊ ပျော့ပျောင်းစေတဲ့၊ ဆံပင် ကောက်ထားသူတွေအတွက်ရည်ရွယ်ထားတဲ့ ထုတ်ကုန်တွေကို ရှောင်သင့်ပါတယ်။ ဒီထုတ်ကုန်တွေမှာ အရေပြားဆီထွက်ခြင်းကို အားပေးတဲ့ ဆေးတွေ ပါဝင်ပါတယ်။

ထုတ်ကုန် အညွှန်းကို သေချာစွာဖတ်ပါ။

    volumizing, balancing, strengthening အစရှိတာတွေ ရေးထားတဲ့ ထုတ်ကုန်တွေကို ဝယ်ယူသင့်ပါတယ်။ ဒီထုတ်ကုန်တွေဟာ အဆီပိုတွေကို ဖယ်ရှားပေးတာမို့ ဦးရေပြားစိုစွတ်မှု နည်းပါးစေပါတယ်။
    သင့်အရေပြားဟာ အလွန်အဆီထွက်ရင် clarifying shampoo ကို အသုံးပြုသင့်ပါတယ်။ ဒီထုတ်ကုန်ဟာ ဦးရေပြားက ထွက်တဲ့ အဆီတွေကို အံံ့သြဖွယ်ကောင်းလောက်အောင် လျှော့ချပေးပါတယ်။ ဒါပေမယ့် နေ့စဉ်သုံးမယ်ဆိုရင်တော့ သတိထားသင့်ပါတယ်။ ဦးရေပြား လွန်စွာ ခြောက်သွေ့သွားနိုင်ပါတယ်။ ဒီလိုဆို ဖယ်ထုတ်လိုက်တဲ့ အစိတ်အပိုင်းတွေအတွက် ဦးရေပြားကို အဆီပိုထုတ်စေခြင်းကို ဖြစ်ပေါ်လာနိုင်ပါတယ်။

အဆီပြန်ဦးရေပြားအတွက် (သို့) ဆံပင်အရောင်ဆိုးထားသူတွေအတွက် ရည်ရွယ်ထားတဲ့ ထုတ်ကုန်တွေကို သုံးသင့်ပါတယ်။
    ဦးရေပြားအဆီပြန်ပြီး ဆံပင်တွေဟာ ခြောက်သွေ့နေတယ်ဆိုရင် ဆံပင်ပျော့ဆေးကို အသုံးပြုသင့်ပါတယ်။ ပျော့ဆေးကို ဦးရေပြားကိုမသထိသင့်ပဲ ဆံပင်အလယ်ပိုင်းနဲ့ အဖျားပိုင်းမှာသာ အသုံးပြုသင့်ပြီး ပြီးရင်ရေနဲ့ ကောင်းစွာဆေးချသင့်ပါတယ်။

ခြောက်သွေ့တဲ့ ဦးရေပြားအတွက် ဆံပင်ထုတ်ကုန်များ

ခြောက်သွေ့တဲ့ ဦးရေပြားရှိတယ်ဆိုရင် sulfates, strengthening, fortifying, volumizing လို့ ရေးထားတဲ့ ထုတ်ကုန်တွေကို ရှောင်ကျဉ်သင့်ပါတယ်။ သူတို့တွေဟာ ဦးရေပြားလိုအပ်တဲ့ အစိုဓါတ်ကို ပျောက်ဆုံးစေမှာ ဖြစ်ပါတယ်။

သင့်ဦးရေပြားက အနည်းငယ်ခြောက်ပေမယ့် ယားယံခြင်း မရှိရင် အစိုဓါတ်၊ ရေဓါတ်၊ ပျော့ပျောင်းမှုတွေကို မြင့်တက်စေတဲ့ တ်ပြီး သင့်ဦးရေပြားနဲ့ ကိုက်တဲ့ အရာကို အသုံးပြုသင့်ပါတယ်။ ဒီအခြေအနေမှာ ဆိုရင်တော့

    ထုတ်ကုန်တွေကို သုံးသင့်ပါတယ်။
    သင့်ဦးရေပြားဟာ ခြောက်သွေ့ယားယံနေတယ်ဆိုရင်တော့ ဦးရေပြားခြောက်သွေ့သူတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ ထုတ်ကုန်တွေကို သုံးသင့်ပါတယ်။ menthol, salicylic acid, tea tree အစရှိတာတွေ ပါဝင်တဲ့ ထုတ်ကုန်တွေဟာ အစိုဓါတ်ကို ထိန်းထားပေးနိုင်ပါတယ်။
    ခေါင်းလျှော်ပြီးရင် ရေကိုစင်အောင်ဆေးသင့်ပါတယ်။ ဆံပင်ပေါ်မှာ ထုတ်ကုန်တွေ ကျန်နေခြင်းဟာ ဆံပင်ကို ပိုမို ခြောက်သွေ့စေပါတယ်။ သင့်ဆံပင်ကို ရေဓါတ်ဖြည့်ဖို့ herbal oil တွေနဲ့ နှိပ်နယ်ခြင်းကိုလည်း စဉ်းစားသင့်ပါတယ်။

အစမှာတော့ သင့်အတွက် မှန်ကန်တဲ့ ထုတ်ကုန်တွေကို ရှာဖွေလို့ မရတာမျိုး ဖြစ်နိုင်ပါတယ်။ အနည်းငယ်စမ်းသုံးကြည့်ပြီးရင်တော့ ဘယ်အရာက သင့်အတွက်အကောင်းဆုံးလဲဆိုတာ ပြောနိုင်မှာ ဖြစ်ပါတယ်။ ဈေးအရမ်းကြီးတဲ့ (သို့) လူတွေ အရမ်းကောင်းတယ်ထင်တဲ့ ထုတ်ကုန်တွေကို မရွေးချယ်မိဖို့ အရေးကြီးပါတယ်။ သင့်ဆံပင်ကို အကောင်းဆုံးအကျိုးရှိစေနိုင်မယ့် ထုတ်ကုန်တွေကိုသာ ရွေးချယ်သင့်ပါတယ်။

သင့်ဦးရေပြား အမျိုးအစားကို ဆုံးဖြတ်ဖို့ ခက်ခဲနေရင် (သို့) မှန်ကန်တဲ့ ထုတ်ကုန်တွေကို ရှာဖွေဖို့ ခက်ခဲနေခဲ့ရင် ကျွမ်းကျင်သူတွေကို မေးမြန်းသင့်ပါတယ်။ မှန်ကန်တဲ့ ထုတ်ကုန်တွေ အသုံးမပြုခဲ့ရင် သင့်ဆံပင်ဟာ တောက်ပ ကျန်းမာနိုင်မှာ မဟုတ်ပါဘူး။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello Sayarwon မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly