နိုင်ဂျီးရီးယားတွင် ဘတ်စ်ကားနှစ်စီး တိုက်မိမှုကြောင့် လူပေါင်း ၃၀ ထက်မနည်း သေဆုံး

နိုင်ဂျီးရီးယားတွင် ဘတ်စ်ကားနှစ်စီး တိုက်မိမှုကြောင့် လူပေါင်း ၃၀ ထက်မနည်း သေဆုံး

 

စက်တင်ဘာ ၁၆ ။         ။ နိုင်ဂျီးရီးယားနိုင်ငံ အနောက်တောင်ပိုင်း အမြန်လမ်းမကြီးတစ်ခုမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက် ညပိုင်းက ဘတ်စ်ကားနှစ်စီး တိုက်မိမှု ဖြစ်ပွားပြီး အနည်းဆုံး ခရီးသည် ၃၀ ဦး သေဆုံးခဲ့ပြီး ဆယ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။

အဆိုပါ ယာဉ်တိုက်မှုဟာ Lagos မြို့နဲ့  Ibadan မြို့တို့ကို ဆက်သွယ်ထားတဲ့ လမ်းမကြီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ယခု ဖြစ်စဉ်မှာ ကားတွေဟာ သတ်မှတ်အမြန်နှုန်းထက် ကျော်လွန်မောင်းနှင်ခဲ့တာကြောင့် ခုလိုမျိုး လူပေါင်းများစွာ အသက်ဆုံးရှုံးစေခဲ့တဲ့ ယာဉ်မတော်တဆမှုတစ်ခုကို   ဖြစ်ပေါ်စေခဲ့တာဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Kazeem Bisi က ပြောပါတယ်။

ယာဉ်တိုက်မှု ဖြစ်ပြီးပြီးချင်း ကယ်ဆယ်ရေးလုပ်ငန်းတွေကို အားချင်းလုပ်ဆောင်ခဲ့ရပြီး ဒဏ်ရာရရှိသူတွေကို နီးစပ်ရာ ဆေးရုံတွေကို တင်ပို့ကုသပေးခဲ့ရပါတယ်။

အဆိုပါ နိုင်ငံမှာတော့ လမ်းတွေရဲ့ ကြံ့ခိုင်မှု အားနည်းမှု၊ ကားမောင်းနှင်သူတွေ မဆင်မခြင် မောင်းနှင်မှုတွေကြောင့် ယခုလိုမျိုး ယာဉ်တိုက်မှုတွေကတော့ မကြာခဏဆိုသလို ပေါ်ပေါက်နေလျက်ရှိတယ်လို့လည်း သိရပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required