အချစ်ပြိုင်ဘက်၏ ရွှေပန်းကို ကတ်ကြေးဖြင့် ကိုက်ညှပ်ပြီး ရေအိမ်ထဲ မျှောချခဲ့သည့် ဂျပန်အမျိုးသားကို ရဲက ဖမ်းဆီး

အချစ်ပြိုင်ဘက်၏ ရွှေပန်းကို ကတ်ကြေးဖြင့် ကိုက်ညှပ်ပြီး ရေအိမ်ထဲ မျှောချခဲ့သည့် ဂျပန်အမျိုးသားကို ရဲက ဖမ်းဆီး
ဓာတ်ပုံ - yahoo news

ရှေ့နေတစ်ယောက်၏ ရုံးခန်းအတွင်းသို့ တစ်ဟုန်ထိုး ဝင်ရောက်လာပြီး ထိုရှေ့နေ၏ လိင်တန် ဆာကို ဥယျာဉ်သုံးကတ်ကြေးဖြင့် ညှပ်ဖြတ်ကာ ရေအိမ်ထဲသို့ မျှောချမှုဖြင့် ဂျပန်အမျိုးသားတစ် ယောက်ကို ဂျပန်ရဲက ဖမ်းဆီးခဲ့သည်။

ဒေသတွင်းမီဒီယာ၏ သတင်းများအရ ၂၄ နှစ်အရွယ် တိုကျိုတက္ကသိုလ်ကျောင်းသား အစ်ကီ ကိုဒူကိုင်းမှာ ၎င်း၏မိန်းမက လိင်တန်ဆာအညှပ်ခံရသူ ရှေ့နေနှင့် အချစ်ဇာတ်လမ်းဖြစ်နေသည့်အ တွက် လက်စားချေသောအားဖြင့် ကျူးလွန်ခြင်းဖြစ်သည်ဟု ဆိုသည်။

တိုက်ခိုက်မှုဖြစ်ပွားပြီး မကြာမီတွင် အဖမ်းခံခဲ့ရသည့် ကိုဒူကိုင်းက အမည်မသိ ရှေ့နေကို ဘောင်းဘီဖွင့်ပြီး လိင်တန်ဆာကို ဥယျာဉ်သုံးကတ်ကြေးကြီးဖြင့် မကိုက်ညှပ်မီ လက်သီးဖြင့် အကြိမ်ပေါင်းများစွာ ထိုးခဲ့သည်ဟု ရဲက ပြောကြားသည်။ ၎င်းတို့ စစ်ဆေးနေသည်မှာ ရှေ့နေ၏ မျိုးပွားအင်္ဂါဖြစ်ကြောင်း တိုကျိုရဲတစ်ဦးက အတည်ပြု ပြောကြားသည်။

ကိုဒူကိုင်းက သူကိုက်ညှပ်ခဲ့သည့် အစိတ်အပိုင်းကို ရေအိမ်ထဲ မျှောချခဲ့ကြောင်း ရဲကို ဝန်ခံ ဖြောင့်ချက်ပေးခဲ့ပြီး ရှေ့နေ၏ ဒဏ်ရာမှာ အသက်အန္တရာယ် မရှိကြောင်းလည်း ပြောသည်ဟု ဆို သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required