အကောင်းဆုံးနည်းပြ၊ အကောင်းဆုံးကစားဖော်နဲ့ ပြိုင်ဘက်တွေကို မာဆယ်လို ထုတ်ဖော်ပြောကြား

အကောင်းဆုံးနည်းပြ၊ အကောင်းဆုံးကစားဖော်နဲ့ ပြိုင်ဘက်တွေကို မာဆယ်လို ထုတ်ဖော်ပြောကြား
(ဓာတ်ပုံ - အီးပီအေ)

မာဆယ်လိုဟာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ၂၀၂၂ ထိ ငါးနှစ်သက်တမ်းတိုး စာချုပ်လက်မှတ်ရေးထိုးခဲ့ပြီးနောက် သတင်းစာရှင်းလင်းပွဲမှာ သူ့အတွက် အကောင်းဆုံးနည်းပြ၊ အကောင်းဆုံးကစားဖော်နဲ့ တားဆီးဖို့ ခက်ခဲတဲ့ ပြိုင်ဘက်ကစားသမား ဘယ်သူဆိုတာကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

သူ့အတွက် အကောင်းဆုံးနည်းပြကတော့ လက်ရှိရီးယဲလ်နည်းပြအဖြစ် တာဝန်ယူနေတဲ့ ဇီဒန်းဖြစ်ပြီး အခက်အခဲဆုံး ပြိုင်ဘက်အကောင်းဆုံးကစားသမားမှာ မက်ဆီမဟုတ်ဘဲ နေမာဖြစ်နေပါတယ်။

အကေင်းဆုံးနည်းပြက "ဇီဒန်းပါ။ သူ့ကို စကားတောင် ပြောစရာမလိုဘဲ သူ့နဲ့ ကျနော်က တစ်ချက်လေးကြည့်လိုက်ရုံနဲ့ နားလည်မှုရှိကြပါတယ်။ ဒါက သူဟာ ကစားသမားတစ်ယောက်ဖြစ်ခဲ့လို့လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တိုတောင်းတဲ့ အချိန်လေးတစ်ခုအတွင်း ကမ္ဘာ့အကြီးကျယ်ဆုံးအသင်းတွေထဲက အသင်းတစ်သင်းကို စည်းလုံးအောင်လုပ်ဖို့ဆိုတာ ခက်ခဲပါတယ်။"လို့ မာဆယ်လိုက ပြောကြားခဲ့ပါတယ်။

သူနှင့် တွဲကစားခဲ့တဲ့ အကောင်းဆုံးကစားသမားနှင့် အခက်အခဲဆုံး ပြိုင်ဘက်ကစားသမားကို ပြောရာမှာ "ကျနော် ရော်လ်နယ်ဒို၊ ရော်လ်နယ်ဒင်ဟို၊ ဗန်နစ်စ်တယ်ရွိုင်းတို့နဲ့ ကစားခဲ့ဖူးပါတယ်။ ဒါပေမယ့် ဘယ်သူက အကောင်းဆုံးလည်းဆိုတာ ခင်ဗျား သိပြီါ်သားဖြစ်မှာပါ။ ဒါဟာ ခရစ္စတီယာနို ရော်လ်နယ်ဒိုပေါ့။ သူက အပြီးပြည့်စုံဆုံး ကစားသမားပါ။ ကျနော့်အတွက် အခက်အခဲဆုံးပြိုင်ဘက်ကတော့ နေမာပါ။"လို့ ပြောခဲ့ပါတယ်။

အကောင်းဆုံးအခိုက်အတန့်နှင့် ဝမ်းနည်းရဆုံးအချိန်ရှိခဲ့ဖူးသလားလို့ မေးမြန်းရာမှာ မာဆယ်လိုက "အများအားဖြင့် အရာအားလုံး ဖြစ်ခဲ့ဖူးပါတယ်။ ဒီလိုသာ မဖြစ်ခဲ့ရင် နောက်ထပ် ၁၀ နှစ်အကြာမှာ ဒီနေရာမှာ ရှိနေသေးမှာ မဟုတ်ပါဘူး။ ကျနော့်မိသားစုတွေနဲ့အတူ မက်ဒရစ်မှာ ကြီးပြင်းခဲ့ပြီး ပျော်ရွင်စရာကောင်းတုန်းလို့ ခံစားရပါတယ်။ အခုတော့ ကျနော် ပိုပြီး ဆာလောင်လာပြီး ကလပ်အသင်းနှင့်အတူ အများကြီး ရင့်ကျက်ပြီး အရာများစွာကို ခံစားခဲ့ရပါပြီ။ နေ့တိုင်း မနက်အိပ်ရာနိုးတာနဲ့ ကျနော့်မိသားစုနဲ့အတူ မက်ဒရစ်မှာ နေထိုင်ရတာကို မြင်ရတယ်။ ဆုဖလားတွေရရှိတဲ့ အခိုက်အတန့်တွေဟာ ပျော်ရွင်စာရာတွေပါ။ ဒါပေမယ့် ကျနော့်မိသားစုရဲ့ ပျော်ရွင်မှုက အရေးကြီးဆုံးဖြစ်ပါတယ်။

အဆိုးဝါးဆုံးအခိုက်အတံ့က ကျနော့်ကို ရီးယဲလ်အသင်းက အငှားနဲ့ တခြားအသင်းမှာ သွားကစားဖို့ ပြောခဲ့တဲ့အချိန်ပါ။ သူတို့က ခင်ဗျားပေါ် အားမကိုးတဲ့အခါ အဲဒါက ပုမှန်ပါပဲ။ ဒါပေမယ့် အခက်ခဲဆုံး ထိမှန်စေခဲ့ပြီး ကျနော့် မိသားစုရဲ့ အားပေးထောက်ခံမှုက တကယ်ပဲ အကူအညီဖြစ်စေခဲ့ပါတယ်။"လို့ ပြောပြခဲ့ပါတယ်။

Ref; AS, Photos: EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags