မိနစ် ၃၀ သာကြာမြင့်မည့် အကောင်းဆုံးညစာကို မိသားစုအတွက် ပြင်ဆင်ပေးခြင်း

မိနစ် ၃၀ သာကြာမြင့်မည့် အကောင်းဆုံးညစာကို မိသားစုအတွက် ပြင်ဆင်ပေးခြင်း

ရေးသားသူ Hello Sayarwon
ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. Kaung Thar.

ယနေ့ခေတ်တွင် အမျိုးသမီးများသည် အိမ်အလုပ်များစွာကို လုပ်နေရသော်လည်း သူတို့မိသားစုအတွက် အကောင်းဆုံးသော ညစာကို ပြင်ဆင်ပေးလိုကြမည်ဖြစ်သည်။

ထို့ကြောင့် သင့်ကို မိနစ်၃၀ အတွင်း အကောင်းဆုံးညစာကို ပြင်ဆင်ရန် နည်းလမ်းများကို ပေးပါမည်။ အောက်ပါနည်းများကို အခြေခံပြီး သင့်စိတ်တိုင်းကျ အိုးများဖြင့် ချက်ပြုတ်ပြီး အရံဟင်းများ၊ အဓိကဟင်းများကို စီမံနိုင်ပါလိမ့်မည်။

သင့်အချိန်ဇယားများမည်သို့ပင်ပြည့်နှက်နေစေကာမူ သင်သည် ဟင်းချက်ရာတွင် အတွေ့အကြုံနည်းသေးသူဖြစ်နေစေကာမူ သင့်မိသားစုသည် ယခုဖော်ပြမည့် လွယ်ကူလျှင်မြန်သော မိနစ်၃၀စာဟင်းချက်နည်းကို သဘောတွေ့မည်မှာ အမှန်ပင်ဖြစ်သည်။

သင်သည် သင့်မိသားစုအတွက် အကောင်းဆုံးသော ညစာကိုဘယ်လိုပြင်ဆင်ပေးမလဲ၊။ အကောင်းဆုံးအဖြေရှိပါတယ်။

ကြက်သားဟင်း

ကြက်သားဟင်းသည် ပထမဦးစားပေးရွေးချယ်မှုဖြစ်ပါသည်။ ကြက်သားကို ပုံစံအမျိုးမျိုးဖြင့် သင့်မိသားစုအတွက် အရသားရှိအောင်စီမံချက်ပြုတ်နိုင်ပါသည်။ ထို့ကြောင့် အပြင်တွင် ထွက်စားနေမည့်အစား အိမ်တွင်ပင် မိနစ်၃၀မျှ အချိန်ပေးရုံဖြင့် ကောင်းမွန်သော ကြက်သားဟင်းတခွက်ချက်နိုင်ပါသည်။

အမဲသားဟင်း

အမဲသားဟင်းကိုလည်း မိနစ်၃၀လောက်အချိန်ပေးရုံမျှနှင့် ပြုလုပ်နိုင်ပါသည်။ အမဲသားဟင်းသည် အချက်များသော ဟင်းဖြစ်ပြီး များသော အားဖြင့် ကြိတ်ထားသောအသားများသည် ချက်ရ ပိုလွယ်ကူစေပြီး ကလေးများကလည်း ပိုကြိုက်ကြပါသည်။

ဝက်သားဟင်း

ဝက်သားတွင် ဝက်အူချောင်း၊ ဝက်ပေါင်သား၊ လိုင်းသားစသဖြင့် အရှိရာ ဝက်သားဟင်းကို အမျိုးမျိုးချက်ပြုတ်ပြီး အဓိကဟင်းလျာ၊ အရံဟင်းလျာစသည်ဖြင့် မိနစ်၃၀လောက်အချိန်ပေးရုံမျှနှင့်် အမျိုးမျိုးချက်ပြုတ်နိုင်ပါသည်။

ပါစတာနှင့် ပင်လယ်စာများ

အသားမပါဘဲချက်ပြုတ်ချင်သူများအတွက် ပါစတာနှင့် ပင်လယ်စာများ သည် သင့်တော်ပါသည်။ ထို့ပြင် ပါစတာသည် စပါဂတီ ထက်ပိုပြီး လျှင်မြန်လွယ်ကူပါသည်။ ပင်လယ်စာများသည်လည်း မိသားစုဝင်တိုငးအကြိုက်တွေ့မည့် အစားအစာဖြစ်ပါသည်။

အီတလီခေါက်ဆွဲနှင့် ပန်းစိမ်းသုပ်

ပါဝင်ပစ္စည်းများ

  •   ဟင်းနုနွယ် ၁၀ အောင်စ
  •   ပန်းစိမ်း ပန်းကန်လုံး ၂ လုံးစာ လှီးထဲ့ပါ။
  •   အီတလီခေါက်ဆွဲ ပေါင်ဝက်ခန့်
  •   ထောပတ် ၄ ဇွန်း
  •  သံလွင်ဆီ စားပွဲတင်ဇွန်း ၃ဇွန်း
  •  ကြက်သွန်ဖြူ
  •  ဆား လက်ဖက်ရည်ဇွန်းနှင့် ၄ပုံ ၃ပုံ
  •  ငရုတ်ကောင်း လက်ဖက်ရည်ဇွန်းနှင့်တဝက်
  •  အချဉ်ရည် ၁ ခွက်
  •  အိတလီ ချိစ်ခဲ ခွက်၏ ၂ ပုံ ၃ ပုံ

ပြုလုပ်ပုံအဆင့်ဆင့်

(၁)   ရေတအိုးကို ပွက်ပွက်ဆူအောင် တည်ပါ။

(၂)  ဟင်းနုနွယ်နှင့် ပန်းစိမ်းကို မိုက်ခရိုဝေ့ မီးဖိုထဲတွင် နွှေးပါ။ ထို့နောက် ယင်းတို့တွင်ရှိသော ရေငွေ့များကို ဖယ်ရှားရန် စက္ကူ တချပ်ပေါ်တွင်တင်ပါ။

(၃)  ပါစတာကို တည်ထားသောရေထဲတွင် ၁၀-၁၂ မိနစ်ခန့်ကြာအောင်ပြုတ်ပါ။

(၄) အကြော်အိုးတွင် ထောပတ်ကို ပျော်သွားသည် အထိအပူပေးပါ။

(၅)   ထို့နောက်ကြက်သွန်ဖြူနှင့် ဆီသတ်ပါ။

(၆)  ထို့နောက် အပူချိန်အလယ်လတ်မျှနှင့် ပန်းစိမ်း၊ ဟင်းနုနွယ်တို့ကို အိုးထဲထည့်ပြီး ငရုတ်ကောင်း၊ ဆားတို့ဖြင့် ရောမွှေလိုက်ပါ။

(၇)  ၅ မိနစ်ခန့်ရောမွှေပါ။

(၈)  အချဉ်ရည် ဖြင့် ထပ်မွှေပြီး မီးအပူလျှော့လိုက်ပါ။

လွယ်ကူသော ကြက်ချိုချဉ် ထမင်း

ပါဝင်ပစ္စည်းများ

  •  ကြက်ပေါင်း ၁၁၀ အောင်စ
  •  ဆန် တခွက်ခွဲ
  •  နာနတ်သီးတုံးများပါသော အရံသင့်ဗူး ၁-၈ အောင်စ
  •   ငရုတ်ပွသီး ကို ၁ လက်မအရွယ်အတုံးများတုံးပါ။
  •  ဗီနီဂါကို ခွက်၏ ၄ ပုံ ၁ပုံထဲ့ပါ။
  •  သကြား လက်ဖက်ရည်ဇွန်း ၃ ဇွန်း
  •   ပြောင်းဖူးကော်မှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  •   ကြက်သားမှုန့် လက်ဖက်ရည်ဇွန်းဝက်
  •   ကျွဲခေါင်းသီး ၈ အောင်စ

ပြုလုပ်ပုံအဆင့်ဆင့်

(၁) ပါကင်ထုတ်တွင်ဖော်ပြထားသည့် အညွှန်းအတိုင်း ကြက်ပေါင်များကို ဖုတ်ပါ။

(၂)  ပါကင်ထုတ်တွင်ဖော်ပြထားသည့် အညွှန်းအတိုင်း ထမင်းချက်ပါ။

(၃)   နာနတ်သီးဗူးထဲတွင်၇ှိသော သကြားရည်များကို သွန်လိုက်ပြီး ရေ ၁ ခွက်နှင့် တဝက်ဖြင့် ရောပါ။

(၄)  ထို့နောက် နာနတ်သီးဖတ်နှင့် အရည်များကို ဒယ်အိုးထဲထည့် ပါ။ ငရုတ်ပွသီးထဲ့ပြီး ဆူသည်အထိတည်ပါ။ ဆူသွားလျှင် မီးအပူချိန်ကို လျှော့လိုက်ပါ။

(၅)   ထို့နောက် အိုးကို ၁-၂ မိနစ်ခန့်အုပ်ထားပါ။

(၆)   ထို့နောက် ဗီနီဂါ၊ သကြား၊ ပြောင်းဖူးမှုန့်၊ ပိငပိရည် နှင့် ဟင်းရွက်ပြုတ်ရည်တို့ကို ရောလိုက်ပါ။

(၇) ထိုအရောကို အိုးထဲသို့ထဲ့ပြီး မွှေပါ။ မီးအပူချိန်ကို အလယ်လတ်မျှထားပြီး ပျစ်သွားသည်အထိ ၁-၂ မိနစ်ကြာမျှ မွှေပေးပါ။

(၈) နောက်ဆုံးအဆုံးသတ် အနေနှင့် ကြက်သားတုံးများ၊ နာနတ်သီးတုံးများ နှင့် ကျွဲခေါင်းသီးများကို ထည့် မွှေပေးပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello Sayarwon မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required