ခြေသလုံးကြွက်သားဒဏ်ရာကြောင့် ချယ်လ်ဆီးကွင်းလယ်လူ ဒရင့်ခ်ဝါးတား တစ်လနီးပါး အနားယူရဖွယ်ရှိ

ခြေသလုံးကြွက်သားဒဏ်ရာကြောင့် ချယ်လ်ဆီးကွင်းလယ်လူ ဒရင့်ခ်ဝါးတား တစ်လနီးပါး အနားယူရဖွယ်ရှိ
(ဓာတ်ပုံ - အီးပီအေ)

ချယ်ဆီးအသင်းရဲ့ ယခုနှစ်နွေရာသီက ခေါ်ယူခဲ့တဲ့ ကွင်းလယ်လူ ဒန်နီ ဒရင့်ခ်ဝါးတားဟာ ခြေသလုံးကြွက်သားဒဏ်ရာကြောင့် တစ်လနီးပါး အနားယူရဖွယ်ရှိကြောင်း နည်းပြ အန်တိုနီယို ကွန်တီက သောကြာနေ့က ပြောကြားခဲ့ပါတယ်။

အသက် ၂၇ နှစ်အရွယ် ဒရင့်ခ်ဝါးတားဟာ နွေရာသီအပြောင်းအရွှေ့ နောက်ဆုံးရက်မှာ လက်စတာအသင်းကနေ လက်ရှိချန်ပီယံ ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့လာတာဖြစ်ပြီး အသင်းသစ်နှင့် ပွဲဦးထွက်ကစားပေးနိုင်ခြင်း မရှိသေးပေ။

"'ဒရင့်ခ်ဝါးတားဟာ ခြေသလုံးကြွက်သားဒဏ်ရာပြဿနာ ရရှိနေတာပါ။ သူ လုံလောက်တဲ့ အနားယူမှုတွေ လိုအပ်ပါတယ်။ အနားယူရမယ့် အချိန်အတိအကျ ပြောလို့ မရသေးသလို ၂ ပတ်၊ ၃ ပတ်၊ ၁ လ နီးပါးလည်း ကြာသွားနိုင်ပါတယ်။"လို့ ချယ်လ်ဆီးနည်းပြ ကွန်တီက ပြောကြားခဲ့ပါတယ်။

၂၀၁၂ ခုနှစ်က မန်ယူအသင်းမှ လက်စတာအသင်ထံ ပြောင်းရွှေ့ခဲ့သူ ကွင်းလယ်ကစားသမား ဒရင့်ဝါးတားဟာ အင်္ဂလန်လက်ရွေးစင်အသင်းမှာ ၂၀၁၆ ခုနှစ် မတ်လက ပထမဆုံး ပွဲထွက်ခဲ့ပြီးနောက် ၃ ပွဲပါဝင်ကစားခဲ့ပြီးဖြစ်ပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags