မွေး/ရေ ၀န်ကြီးဌာနနှင့် Serge pun & Associates တို့ နို့စားနွားမွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေး စာချုပ်ပျက်ပြယ်

မွေး/ရေ ၀န်ကြီးဌာနနှင့် Serge pun & Associates တို့ နို့စားနွားမွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေး စာချုပ်ပျက်ပြယ်

သြဂုတ် ၁၄ ။         ။ မွေးမြူရေးရေ လုပ်ငန်းနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် Serge Pun & Associate (Myanmar) Limited တို့အကြား နေပြည်တော်၌ လက်မှတ်ရေးထိုးခဲ့သည့် သဘော တူညီမှု စာချွန်လွှာ ပျက်ပြယ်သွားပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နို့စားနွားမွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ UHT Milk ပြုပြင်ထုတ်လုပ်ရေးစက်ရုံ ပြင်ဆင်တည်ဆောက်ရေး၊ နိုင်ငံတကာစံချိန်စံညွန်းမီ UHT Milk များထုတ်လုပ်ရေးတို့ကို အကောင် အထည်ဖော်ရန် သဘောတူညီမှုစာချွန်လွှာ (Letter of Agreement-LOA) ကို ၂၀၁၃ ခု ဒီဇင်ဘာ ၂၀ ရက်က ရေးထိုးခဲ့ခြင်းဖြစ်သည်။

စာချွန်လွှာပါ စာပိုဒ် ၅ တွင် နှစ်ဖက်သဘောတူထားသည့်လုပ်ငန်းများအား LOA ထိုးသည့်နေ့မှစ၍ ခြောက်လအတွင်း အကောင်အထည်ဖော်ရမည်ဖြစ်ပြီး 'ခြောက်လကျော်လွန်ပါက အကြောင်းပြချက် တစ်စုံတစ်ရာမရှိဘဲ စာချုပ်အားရပ်ဆိုင်းရမည်၊ တစ်ဖက်နှင့်တစ်ဖက် ငြင်းဆန်ခွင့်မရှိစေရ' ဟု ပါရှိကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန အသိပေးကြေညာချက် တွင်ပါရှိသည်။

၂၀၁၃ ခု ဒီဇင်ဘာ ၂၀ ရက်က ရေးထိုးခဲ့ခြင်းဖြစ်သဖြင့် ၂၀၁၄ ခု ဇွန်လ ၁၉ ရက်တွင် စာချုပ် သက်တမ်း ပြည့်သွားပြီဖြစ်ကြောင်းကိုလည်း ၂၀၁၄ ခု နိုဝင်ဘာ ၇ ရက်စွဲပါစာဖြင့် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးက အကြောင်းကြားစာပေးပို့ခဲ့ပြီးဖြစ်သည်ဟုဆိုသည်။

သဘောတူညီမှုစာချွန်လွှာ စည်းမျဉ်းစည်းကမ်းများအရ Serge Pun & Associate (Myanmar) Limited နှင့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနတို့အကြား စာချုပ် သည် ပျက်ပြယ်ကြောင်း အသိပေးအကြောင်းကြားပါသည်ဟု သြဂုတ် ၁၄ ထုတ် နိုင်ငံပိုင် သတင်းစာမှ တစ်ဆင့် ကြေညာထားသည်။

၂၀၁၄ ခု နိုဝင်ဘာ ၇ ရက်စွဲပါစာဖြင့် အကြောင်းကြားထားပြီးဖြစ်သဖြင့် ၂၀၁၅ ခု သြဂုတ်လ ဆိုလျင် ၉ လ ကြာရှိပြီဖြစ်သော်လည်း အဘယ်ကြောင့် ကြေညာချက်ထုတ်ပြန်ရသည်ကိုမူ ဖော်ပြထားခြင်း မတွေ့ရပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly