ပိုမိုလွယ်ကူစွာ ကိုယ်ဝန်ရနိုင်တဲ့ နည်းလမ်း ၅ သွယ်

ပိုမိုလွယ်ကူစွာ ကိုယ်ဝန်ရနိုင်တဲ့ နည်းလမ်း ၅ သွယ်

ရေးသားသူ Wathun Myat Chal
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

သင့်ကျန်းမာရေးစောင့်ရှောက်မှု ပေးတဲ့သူနဲ့ တွေ့ပါ

ကိုယ်ဝန်မရခင်ကတည်းက စပြီး ကျန်းမာတဲ့ ကိုယ်ဝန်တစ်ခုအတွက် ပြင်ဆင်သင့်ပါတယ်။ သင့်ခန္ဓာကိုယ်က အသင့်ဖြစ်တဲ့အခါ ကိုယ်ဝန်ဆောင်ဖို့ ပိုမိုအဆင်ပြေပါလိမ့်မယ်။

သင့်အနေနဲ့ ပထမဆုံး ဆရာဝန် သို့မဟုတ် ဝမ်းဆွဲသည်နဲ့ ကြိုတင်စစ်ဆေးမှု ပြုလုပ်ဖို့ အစီအစဉ်ဆွဲထားတာ ပိုကောင်းပါမယ်။ ဒါမှ ကိုယ်ဝန်ဆောင်တာနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ အသိပညာနဲ့ အချက်အလက်တွေကို သိနိုင်မှာပါ။

ကျန်းမာတဲ့ ကိုယ်ဝန်တစ်ခုအတွက် အစီအစဉ်

ကိုယ်ဝန်တစ်ခုရဲ့ ဖြစ်တန်စွမ်းက အာရုံစိုက်ရမယ့် အရာတော်တော်များများနဲ့ ဆက်စပ်နေပါတယ်။

  • အာဟာရပြည့်ဝတဲ့ အစားအသောက်တွေစားပါ – ဘာတော့စားရမယ်၊ ဘယ်ဟာတော့ မစားရဘူးဆိုတာ ၂ခုလုံးကို သိဖို့ အရေးကြီးပါတယ်။ သင့်ဆရာဝန်နဲ့ ကြိုတင်စစ်ဆေးဖို့ တွေ့ဆုံတဲ့အခါ သေမျာမေးမြန်းပါ။
  • ·         ကျန်းမာတဲ့ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းထားပါ။
  • ·         ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ – ကိုယ်ဝန်မဆောင်ခင်နဲ့ ဆောင်နေစဉ်မှာ ဘယ်လို ဆေးမျိုးကို အသုံးမပြုရမလဲဆိုတာ သင့်ဆရာဝန်နဲ့ တိုင်ပင်ပြီး မှတ်သားထားပါ။
  • ·         ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါး သုံးစွဲတဲ့ အလေ့အကျင့်ဆိုးတွေကို ရပ်လိုက်ပါ။
  • ·         ကဖိန်းပါဝင်တဲ့ အစားအသောက်တွေကို ရှောင်ပါ။ မရှောင်နိုင်ပါက တစ်ရက်ကို ကဖိန်းပမာဏ ၂၀၀မီလီဂရမ်အောက်သာ စားသောက်ဖို့ ကန့်သတ်ပါ။ ( ကော်ဖီ ၁၂အောင်စလောက် )
  • ဘယ်အချိန် မျိုးဥတည်မလဲ သိအောင်လုပ်ပါ

သားအိမ်ထဲကို မျိုးဥတည်မယ့်အချိန်ကွက်တိမှာ ချစ်တင်းနှောခြင်းက ကိုယ်ဝန်ရနိုင်ခြေကို မြင့်တက်စေပါတယ်။ ရာသီစက်ဝန်းတစ်ခုမှာ မျိုးဥတစ်လုံးကို တစ်ကြိမ်သာ ထုတ်ပေး၊ တည်ပေးတာပါ။

မျိုးဥတည်ပြီး ရက်အနည်းငယ်လောက်မှာ ရာသီလာခြင်းလို့ခေါ်တဲ့ မျိုးဥကြွေတာ ဖြစ်ပေါ်ပါတယ်။ အဲ့မတိုင်ခင် ၅ရက်မှာသာ ကိုယ်ဝန်ရနိုင်တာပါ

အချိန်ကောင်းမှာ ချစ်တင်းနှောပါ

ဒါဟာ ဘာကိုဆိုလိုလဲဆိုရင် ရာသီမလာခင် ၃ ရက်အတွင်း အကျိုးဖြစ်ထွန်းဆုံးအချိန်အတွင်းမှာ ချစ်တင်းနှောပါလို့ ပြောတာပါ။

သုတ်ကောင်ဟာ သင့်ခန္ဓာကိုယ်အတွင်း ၃ရက်မှ ၆ရက်အထိ အသက်ရှင်နေနိုင်ပါတယ်။ ဒါကြောင့် သင့်တို့ ၂ယောက်အတွက် ကလေးရဖို့ ရက်အချို့ ရစေပါတယ်။

အကယ်၍ သင်ဟာ သင့်ရာသီစက်ဝန်းကို သေချာမသိပါက တခြားရက်တွေမှာပါ ချစ်တင်းနှောနိုင်ပါတယ်။ ဘယ်အချိန်ပဲ ရာသီလာလာ ကျန်းမာသန်စွမ်းတဲ့ သုတ်ကောင်တွေဟာ သင့်ရဲ့သားဥပြွန်တွေထဲမှာ အမြဲ အဆင်သင့်ရှိနေမှာပါ။

သုတ်ကောင်တွေကို တွန်းအားပေးပါ

သုတ်ကောင်အရည်အသွေးကလဲ မျိုးအောင်ဖို့အတွက် အရေးကြီးတဲ့နေရာက ပါဝင်ပါတယ်။ ကျန်းမာကြံ့ခိုင်တဲ့ သုတ်ကောင်တွေက ပိုပြီး အထောက်အကူပေးနိုင်မှာပါ။ သင့်လက်တွဲဖော်က သူ့နေ့စဉ်ဘဝ လှုပ်ရှားသွားလာမှုအချို့ကို ပြောင်းလဲပြီး ကူညီနိုင်ပါတယ်။

အရက်သောက်တာရပ်ပါ –

နေ့တိုင်းအရက်သောက်တာက အမျိုးသားဟော်မုန်း၊ သုတ်ကောင်အရေအတွက်၊ အရည်အသွေး ပမာဏကို ကျဆင်းစေပါတယ်။

ဆေးရွက်ကြီး၊ အပန်းဖြေမူးယစ်ဆေးတွေကို ရှောင်ကြဉ်ပါ –

ဒါတွေက အရည်အသွေးနိမ့်ပြီး မူမမှန်တဲ့ သုတ်ကောင်တွေကို များပြားစေပါတယ်။

ကျန်းမာတဲ့ခန္ဓာကိုယ်အလေးချိန်ကို ထိန်းထားပါ –

အဝလွန်တာဟာ ဘယ်ကိစ္စမှာမှ ကောင်းကျိုးမပေးပါဘူး။

သတ်မှတ်ထားတဲ့ အဓိကအဟာရတို့ကို အလွန်အကြွံမဖြစ်စေပဲ မှီဝဲပါ –

zinc, folic acid, calcium, vitamin C & D

ရေနွေးနဲ့ ရေစိမ်တာ၊ ရေချိုးတာ၊ ချွေးထုတ်တာတွေ မလုပ်ရပါ။

အပူက သုတ်ကောင်တွေကို သေစေပါတယ်။

ဒါတွေကို တတ်နိုင်သမျှ မြန်မြန် လုပ်ဆောင်သင့်ပါတယ်။ ဒါမှ သုတ်ကောင်တွေဟာ ကောင်းကောင်းမွန်မွန် ကျန်းကျန်းမာမာနဲ့ ကြီးထွားလာမှာပါ။

သေချာ ပြင်ဆင်ထားတဲ့ဆိုတာ ဘယ်တော့မှ ပိုတယ်မရှိပါဘူး။ မိဘအဖြစ်ခံယူမယ်လို့ ဆုံးဖြတ်လိုက်တာနဲ့ တပြိုင်နက် သင်ရော သင့်လက်တွဲဖော်ပါ တချို့ အကျင့်တွေကို ပိုမိုကောင်းမွန်ဖို့ ပြင်ဆင်နိုင်ရပါမယ်။

ဒါမှ သင်တို့ ၂ယောက်လုံး ကလေးရနိုင်ခြေ ပိုများလာမှာ ဖြစ်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello Sayarwon မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly