ဆေးလိပ်ဖြတ်ပြီးမှ ပြန်သောက်ချင်စိတ် ပေါ်လာတဲ့အခါ

ဆေးလိပ်ဖြတ်ပြီးမှ ပြန်သောက်ချင်စိတ် ပေါ်လာတဲ့အခါ

ရေးသားသူ Dr. Phio Thia
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

တစ်ခါတလေမှာ ဆေးလိပ်အကြာကြီး ဖြတ်ထားဖူးသူတစ်ယောက်က တစ်လိပ်လောက်ဖြစ်ဖြစ် ပြန်သောက်ချင်စိတ် ပြင်းပြနေတတ်ပါတယ်။ ဒါကို ဆေးလိပ်သောက်လိုစိတ်   ပြန်ထတယ်လို့ ခေါ်ပါတယ်။ အောက်ပါအကြောင်းအရာတွေကတော့ သင့်ကို ဆေးလိပ်ပြန်သောက်လိုစိတ်ဖြစ်ပေါ်စေတဲ့ အရာတွေပဲ ဖြစ်ပါတယ်။

ကိုယ်အလေးအချိန်ပြဿနာ

ကိုယ်အလေးချိန်ပြဿနာက ဆေးလိပ်ဖြတ်ကာစ လူတစ်ယောက် ဆေးလိပ်ပြန်သောက်လိုတဲ့ အကြောင်းပြချက်တစ်ခု ဖြစ်နိုင်ပါတယ်။ ဆေးလိပ်သောက်တာက ခံတွင်းပျက်စေပါတယ်။ ဒါကြောင့် ဆေးလိပ်သမားတွေက အစားအသောက်ခံတွင်း သိပ်မလိုက်တတ်တာကြောင့် လျှော့စားတတ်ကြတဲ့အတွက် ကိုယ်အလေးချိန်တိုးတက်မှု သိပ်မရှိပါဘူး။ ဒါပေမယ့် ကိုယ်အလေးချိန်တိုးတာက တခြားနည်းလမ်းတွေ ဥပမာ လေ့ကျင့်ခန်းလုပ်ခြင်း၊ မှန်ကန်တဲ့စားသောက်မှုစနစ်တည်ဆောင်ခြင်း စတာတွေပြုလုပ်ခြင်းအားဖြင့် ထိန်းသိမ်းနိုင်ပါတယ်။ ဒါကြောင့် ဆေးလိပ်ဖြတ်ပြီးကာစသူတွေအတွက် ကိုယ်အလေးချိန်လျှော့ဖို့ အစီအစဉ်တွေ ရှိထားဖို့ အရေးကြီးပါတယ်။ ပထမဦးဆုံး ဆေးလိပ်အရင်စဖြတ်ပါ။ ပြီးတာနဲ့ အစီအစဉ်ချထားတဲ့အတိုင်း အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်များများစာပါ။ အဆီကိုရှောင်ပါ။ ရေကိုလုံလုံလောက်လောက် သောက်ပါ။ အိပ်ရေးဝဝအိပ်ပါ။

စိတ်ဖိစီးမှု

စိတ်ဖိစည်းမှုတွေကို ဖြေလျှော့ဖို့ ဆေးလိပ်သောက်ကြသူတွေရှိပါတယ်။ ဒီလိုလူတွေအနေနဲ့ ဆေးလိပ်ကို ဖြတ်ဖို့ ပိုမိုခက်ခဲနိုင်ပါတယ်။ ဒီလိုလူတွေ ဆေးလိပ်ဖြတ်မယ်ဆိုရင်တော့ ကိုယ့်စိတ်ထွက်ပေါက်တစ်နည်းအားဖြင့် စိတ်သက်သာရစေဖို့အတွက် တခြားနည်းလမ်းတစ်ခု ရှာဖွေဖို့ လိုအပ်ပါတယ်။ နီကိုတင်းအစားထိုးကုထုံးတစ်ခုဖြစ်တဲ့ ကပ်ခွာ သို့မဟုတ် ပီကေ ဝါးတာက နည်းလမ်းကောင်းတစ်ခုဖြစ်နိုင်ပါတယ်။ အလုပ်ဝန်မပိဖို့ ကိုယ်တိုင်စီမံခန့်ခွဲပါ။ လိုအပ်ရင် ကိုယ်ဝါသနာပါတာတစ်ခုခုနဲ့ ချိတ်ပြီး အပန်းဖြေပါ။ ကိုယ်လက်လေ့ကျင်ခန်းလုပ်တာမျိုးကလည်း စဉ်းစားသင့်တဲ့ နည်းလမ်းတွေဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်ခြင်း

ဆေးလိပ်သောက်တတ်တဲ့ အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်ချိန်ကလည်း ခက်ခဲနိုင်ပါတယ်။ ကလေးအတွက် ထည့်သွင်းစဉ်းစားချက်တွေ ရှိတာမှန်ပေမယ့် မွေးပြီးအချိန်မှာ ဆေးလိပ်ပြန်သောက်ချင်စိတ်ကို တွန်းလှန်ဖို့ ကြိုးစာတာက ခက်ခဲနေနိုင်ပါတယ်။ ဂရုစိုက်ဆောင်ရွက်ဖို့ လိုအပ်ချက်တွေများပြားလာပြီး ဒီအရာတွေကပဲ စိတ်ဖိစီးမှုတွေ ဖြစ်နိုင်ပါတယ်။ ဥပမာအားဖြင့် အမျိုးသားက ဆေးလိပ်သောက်တာ၊ ငွေရေးကြေးရေးပူပန်နေရတာ ဒါမှမဟုတ် အကူအညီတွေလိုအပ်နေတာ စသည်ဖြင့် ဖိအားတွေတိုးပွားလာနိုင်ပြီး ဆေးလိပ်ပြန်သောက်ဖို့ အကြောင်းဖန်လာနိုင်ပါတယ်။

အမျိုးသားက ဆေးလိပ်သမားဆိုလျှင် ကလေးအတွက် ဆေးလိပ်ဖြတ်ခိုင်းပါ။ ပတ်ဝန်းကျင်နဲ့ မိသားစုရဲ့ ကူညီအားပေးမှုများ ရယူပါ။ ဆေးလိပ်က ကျန်းမာရေးကို ဆိုးဝါးစေနိုင်ပါတယ်။ အထူးသဖြင့် မွေးကင်းစကလေးငယ်တစ်ယောက်ကို ဆေးလိပ်က ကောင်းကောင်းဒုက္ခပေးနိုင်ပါတယ်။ ဒါကြောင့် ဆေးလိပ်လုံးဝဖြတ်တာကလွဲလို့ သင့်အတွက် ရွေးချယ်စရာမရှိပါဘူး။

ဆေးလိပ်ပြန်သောက်ချင်စိတ်က အချိန်တော်တော်များများ ဖြစ်နေတတ်တာမျိုးတော့ မဟုတ်ပေမယ့် တခါတလေမှာ အကြောင်းဖန်လာတတ်တာတွေ ရှိတတ်ပါတယ်။ ဒီလိုပြန်သောက်စေနိုင်တဲ့ အချက်တွေကို သတိထားပါ။ ဒီလိုအဖြစ်တွေမကြုံရဖို့ သေချာပြင်ဆင်ထားပါ။ အကြုံပြုချက်အနေနဲ့ကတော့ သင်ဘာကြောင့် ဆေးလိပ်ဖြတ်တာလဲဆိုတဲ့ အကြောင်းပြချက်ကို အမြဲသတိရပါ။ သင်ဒီအခြေအနေထိရောက်အောင် ဘယ်လောက်ထိ ကြိုးစားခဲ့ရသလဲဆိုတာ သတိရပါ။ ကိုယ်ရနေတဲ့အရာလေးကို တန်ဖိုးထားပါ။ ဆေးလိပ်ဖြတ်တာက လွယ်ကူတဲ့အလုပ်မဟုတ်ပင်မယ့် ဖြတ်ဖို့ကြိုးစားတာက မမှားပါဘူး။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello Sayarwon မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly