သူမကိုစွပ်စွဲနေကြသော စက်ဆုပ်ဖွယ်ရာကောင်းသည့် ကောလဟာလများကို နမ်ဘိုရာဖြေရှင်း

သူမကိုစွပ်စွဲနေကြသော စက်ဆုပ်ဖွယ်ရာကောင်းသည့် ကောလဟာလများကို နမ်ဘိုရာဖြေရှင်း

 

တောင်ကိုရီးယားမင်းသမီး နမ်ဘိုရာသည် စက်တင်ဘာလ ၁၃ ရက်နေ့တွင် tvN မှထုတ်လွှင့်သော Taxi အစီ အစဉ်တွင် ပါဝင်ခဲ့ပြီး သူမအပေါ်ကိုစွပ်စွဲနေကြသော စက်ဆုပ်ဖွယ်ရာကောင်းသည့်   ကောလဟာလများနှင့် ပက်သက်၍ ရင်ဖွင့်ပြောဆိုခဲ့သည်။

နမ်ဘိုရာက “ ကောလဟာလအများကြီးထဲကမှ မင်းသမီးတစ်ယောက်ဖြစ်တဲ့ ကျွန်မကို တုန်လှုပ်သွားစေတဲ့ စွပ်စွဲချက်တစ်ခုရှိပါတယ်။ အဲ့ဒီကောလဟာလကတော့ ပြည့်တန်ဆာကိစ္စပါ။ ကျွန်မကို ပြည့်တန်ဆာလုပ်တယ် ဆိုပြီး စွပ်စွဲနေကြပါတယ်။ အဲ့ဒါဟာ အလွန်ကိုစိတ်ထိခိုက်ပြီး ဝမ်းနည်းစရာကောင်းပါတယ်။ ကျွန်မ ဒီလိုမျိုး ပြောဆိုခံရအောင် ဘာအမှားတွေများ လုပ်ခဲ့ဖူးလို့ပါလဲ” ဟု ဝမ်းနည်းစွာ ပြောဆိုခဲ့သည်။

ဆက်လက်ပြီး သူမက “ ပြီးတော့ ကျွန်မမှာ စပွန်ဆာရှိနေတယ်လို့လည်း ပြောနေကြတဲ့ ကောလဟာတွေရှိပါ တယ်။ ကျွန်မရဲ့ ဘဏ်အကောင့်ကို ရှင်တို့ကိုပြလိုက်ချင်ပါတယ်။ ဒါပေမယ့် ဒီကောလဟာလနဲ့ပက်သက်ပြီး ကြောက်ဖို့အကောင်းဆုံး အချက်ကတော့ ကျွန်မဘက်က ဘာမှမတုံ့ပြန်တာနဲ့ပဲ အမှန်ဖြစ်တယ်လို့ လူတွေက ယုံကြည်လိုက်ကြတာပဲ ဖြစ်ပါတယ်” ဟု ပြောဆိုခဲ့သည်။

နမ်ဘိုရာက သူမသည် ပြည့်တန်ဆာအလုပ် လုပ်ကိုင်ခဲ့သည်ဆိုပြီး ပြောဆိုနေကြသော ကောလဟာလများနှင့် ပက်သက်၍ အမှုဖွင့်အရေးယူရန် ပြင်ဆင်နေကြောင်း ပြောခဲ့သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly