စက်တင်ဘာလအတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် မြန်မာ အာဆီယံအဆင့်၄ နေရာရောက်လာ

စက်တင်ဘာလအတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် မြန်မာ အာဆီယံအဆင့်၄ နေရာရောက်လာ

စက်တင်ဘာ ၁၄၊ ရန်ကုန်။             ။ စက်တင်ဘာလအတွက် ထုတ်ပြန်ခဲ့သော ဖီဖာကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းမှာ အဆင့်တက်လာပြီး အာဆီယံအဆင့် ၄ နေရာတွင်ရပ်တည်နေသည်။

စက်တင်ဘာလအတွက် ကမ္ဘာ့အဆင့်ထုတ်ပြန်မှုတွင် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းမှာ အဆင့် ၅ ဆင့် မြင့်တက်လာပြီး ကမ္ဘာ့အဆင့် ၁၅၂ တွင် ရပ်တည်နေသည်။

 မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းမှာ ဇူလိုင်လအတွင်း မလေးရှားလက်ရွေးစင်ဘောလုံးအသင်းနှင့်ခြေစမ်းပွဲယှဉ်ပြိုင်ကစားခဲ့ပြီး ၁- ၀ ဂိုးဖြင့်အနိုင်ရခဲ့သဖြင့် အဆင့်တက်လာခြင်းဖြစ်သည်။

အာဆီယံအသင်းများတွင် ဖိလစ်ပိုင်က ကမ္ဘာ့အဆင့် ၁၂၃ ဖြင့် အဆင့် ၁၊ ဗီယက်နမ်က ကမ္ဘာ့အဆင့် ၁၃၀ဖြင့် အဆင့် ၂ ၊ ထိုင်းက ကမ္ဘာ့အဆင့် ၁၃၇ဖြင့် အဆင့် ၃၊ မြန်မာက ကမ္ဘာ့အဆင့် ၁၅၂ဖြင့် အဆင့် ၄၊ စင်ကာပူက ကမ္ဘာ့အဆင့် ၁၆၂ဖြင့် အဆင့် ၅ နေရာများတွင် အသီးသီးရပ်တည်နေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly