ဝီလ်ရှီးယားကို ဇန်နဝါရီတွင် ခေါ်ယူရန် ပဲလေ့စ်နည်းပြဟော့ဒ်ဆန်စီစဉ်

ဝီလ်ရှီးယားကို ဇန်နဝါရီတွင် ခေါ်ယူရန် ပဲလေ့စ်နည်းပြဟော့ဒ်ဆန်စီစဉ်

 

စက်တင်ဘာ ၁၄၊ လန်ဒန်။             ။ ခရစ္စတယ်ပဲလေ့စ်နည်းပြရွိုင်းဟော့ဒ်ဆန်သည် ဇန်နဝါရီဈေးကွက်ဖွင့်ချိန်တွင် အာဆင်နယ်ကွင်းလယ်ကစားသမား ဝီလ်ရှီးယားကို ခေါ်ယူရန် စီစဉ်နေသည်။

ပဲလေ့စ်နည်းပြသစ်သည် ဝီလ်ရှီးယား၏ပရိသတ်တစ်ယောက်ဖြစ်ပြီး အပြောင်းအရွှေ့ဈေးကွက်ပြန်ဖွင့်ချိန်တွင် ၂၅ နှစ်အရွယ် ကစားသမားကို ခေါ်ယူလိုနေခြင်းဖြစ်သည်။

သို့ဖြစ်ရာ ဟော့ဒ်ဆန်အနေဖြင့် ဝီလ်ရှီးယား၏အခြေအနေကိုလည်း စောင့်ကြည့်သွားမည်ဖြစ်သည်။ ကစားသမားဖြစ်သူ၏ စာချုပ်မှာ ရာသီကုန်တွင်ကုန်ဆုံးမည်ဖြစ်ရာ အာဆင်နယ်အသင်းကလည်း ပြောင်းရွှေ့ကြေးအခမဲ့ဖြင့်ပြောင်းခွင့်မပြုရစေရန် ကြိုးပမ်းဖွယ်ရှိနေသည်။

ဝီလ်ရှီယားသည် အသက် ၇၀ အရွယ်ဟော့ဒ်ဆန် အင်္ဂလန်နည်းပြအဖြစ်ဆောင်ရွက်စဉ်က အဓိက ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး ၂၉ ကြိမ် ရွေးချယ်ခဲ့သည်။

Ref; Daily Mail

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly